ကလေး အသုံးအဆောင် နှင့် ကစားစရာ ပစ္စည်းများ

Powered by Drupal

ထုတ်ပြန်သည့်နေ့ရက်                 -       ၇.၄.၂၀၂၂

အမျိုးအစား                               -     ကလေးအသုံးအဆောင်ပစ္စည်း

ကုန်စည်                                    -    ကလေးပတ်နာရီ (Smiggle Fun Character Slapband Watch)

ကုတ်နံပါတ်                                       444313

ဆောင်ရွက်သည့်ပုံစံ                    -      မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

ဆောင်ရွက်ရသည့်အကြောင်းအရင်း-     နာရီ၏ဓါတ်ခဲများထည့်သွင်းထားသော အပိုင်းသည် ကလေးများအတွက် လုံခြုံစိတ်ချရမှု ပြည့်ပြည့်ဝဝ မရှိခြင်းနှင့် လွယ်လွယ်ကူကူ ပြုတ်နိုင်၊ ဖြုတ်နိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

အန္တရာယ်ဖြစ်စေနိုင်သောအကြောင်းအရင်း - ဘတ်ထရီအား မျိုချမိခြင်း သို့မဟုတ် တနည်းနည်းဖြင့် ခန္ဓာကိုယ် အတွင်းပိုင်းသို့ ရောက်ရှိသွားမည်ဆိုလျှင် အပြင်း အထန် နာကျင်ခြင်းစေခြင်းနှင့် အသက်ရှူလမ်းကြောင်းအား ပိတ်ဆို့ပြီး အသက်အန္တရာယ်ထိခိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါ သည်။

အသိပေးထုတ်ပြန်သည့်နိုင်ငံ         -      မလေးရှားနိုင်ငံ

Alert Number - A12/00474/21

Date published - 18/03/2021

အမျိုးအစား    - ကလေးကစားစရာပစ္စည်း

ကုန်စည်        - အရုပ်

အမည်          - Guitar Butterfly Music

မော်ဒန်နံပါတ် - Artikelnummer: 229116

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါ ကလေးကစားစရာ ဂစ်တာပါ သိုင်းကြိုး(လွယ်ရသည့်ကြိုး) အား ကလေးများအနေဖြင့် လွယ်၍ ဆော့ကစားပြီး ပြန်လည်ချွတ်သည့်အခါ အလွယ်တကူချွတ်၍ မရတတ်သဖြင့် ကလေး များအတွက် ဘေးအန္တရာယ်ရှိစေကြောင်း အသိပေး ကြေညာထားပါသည်။

အသိပေးချက်

အဆိုပါပစ္စည်းသည် Toy Safety Directive European standard EN 71-1နှင့်ကိုက်ညီမှု မရှိ ကြောင်းကိုလည်း အသိပေးထားသည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများ သိရှိစေရန် အသိပေး တင်ပြအပ်ပါသည်။

အသိပေးချက်ထုတ်ပြန်သည့်နိုင်ငံ - ဩစတြီးယား

Source: Rapid Alert System (European Commission)

Code: 012024111

Barcode - 840985110635

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါ မွှေ့ရာတွင် dimethylformamide (measured value: up to 100.6 mg/kg) ပါဝင်မှု ပမာဏများပြားနေပြီး အဆိုပါဓာတုဒြပ်ပေါင်းသည် မျိုးပွားမှုအတွက် အဆိပ်အတောက်ဖြစ်စေ ကြောင်း အသိပေး ကြေညာထားပါသည်။

အသိပေးချက်

အဆိုပါပစ္စည်းသည် REACH Regulation နှင့် ကိုက်ညီမှုမရှိကြောင်းကိုလည်း အသိပေးထား သည့်အတွက် မြန်မာနိုင်ငံမှစားသုံးသူများ သိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။

 

အသိပေးချက်ထုတ်ပြန်သည့်နိုင်ငံ - ဒိန်းမတ်

Source: Rapid Alert System (European Commission)

Code: 012024111

Alert Number - A12/1874/18

Date published – 14/12/2018

အမျိုးအစား   - အားကစားသုံးပစ္စည်း

ကုန်ပစ္စည်း     - scooter

တံဆိပ်          - Tilgreen

အမည်                    - Tiloard

မော်ဒန်နံပါတ် - Reference 164

Batchnumber/Barcode: 6941370001645, lot 201709

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

Tilgreen တံဆိပ် scooter တွင် ရေ နှင့် စိုစွတ်မှုဒဏ် ကို ခံနိုင်သည့် စနစ် (resistance to moisture and water) အားနည်းခြင်းကြောင့် ဓာတ်လိုက်မှုကို ဖြစ်စေနိုင်ကြောင်း ဖော်ပြထား ပါသည်။

အသိပေးချက်       

အဆိုပါ Scooter သည် EU ၏ စက်ပစ္စည်းများဆိုင်ရာသတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေရန် အသိပေးတင်ပြအပ် ပါသည်။

ပင်ရင်းနိုင်ငံ      - တရုတ်

ထုတ်ပြန်သည့်နိုင်ငံ - ပြင်သစ်

အဆင့်သတ်မှတ်ချက် - ပြင်းထန်အဆင့်

Source: Rapid Alert System (European Commission)

Code: 012011913

Recall Number – 18-234

Recall Date – 28.19.2018

အမျိုးအစား - ကလေးအသုံးအဆောင်ပစ္စည်း

တံဆိပ် - Mason & Billy

ထုတ်လုပ်သည့်နိုင်ငံ - တရုတ်နိုင်ငံ

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါအရုပ်၏ဆက်ထားသော အပိုင်းငယ်များမှာ ပြုတ်ထွက်နိုင်ပြီး ကလေးငယ်များမှ မတော်တဆ မျိုချမိနိုင်သောကြောင့် အန္တရာယ် ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

ပြန်လည်သိမ်းဆည်းရန်ကြေညာထားသော အဆိုပါပစ္စည်းများအား ကလေးငယ်များနှင့်ဝေးရာတွင် သိမ်းဆည်းထားပါရန်နှင့် Boy Story LLC နှင့်ဆက်သွယ်၍ ပြန်အမ်းငွေရယူနိုင်ပါကြောင်း ဖော်ပြထားပါသဖြင့် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

Source: Untied States Consumer Product Safety Commission

Pages