လူသုံးကုန်ပစ္စည်းများ

Powered by Drupal

ထုတ်ပြန်သည့်နေ့ရက်                    ၃၁.၇.၂၀၂၂

အမျိုးအစား                                 လူအသုံးအဆောင်ပစ္စည်း

ကုန်စည်                                      Olight M2R Pro warrior & warrior Mini  Flashlight (လက်ကိုင်ဓာတ်မီး/လက်စွဲမီးအိမ်)

ထုတ်လုပ်သူ၏အမည်                    Olight World, add: 5th floor, Building A2, Fuhai  information harbor.Bao’an district, Shenzhen, Guangdong, China

Model                                        M2R Pro warrior & warrior Mini

.ဆောင်ရွက်သည့်ပုံစံ

       မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်

        ပေါက်ကွဲစေတတ်ခြင်း

ဆောင်ရွက်ရသည့်အကြောင်းအရင်း

          Korea Consumer Agency  ( KCA ) ၏ တွေ့ရှိချက်အရ Olight မှ ထုတ်လုပ်သည့် M2R Pro Warrior နှင့် Warrior Mini ထုတ်ကုန်များသည် ယင်းတွင်တပ်ဆင်ထားသည့် အဖွင့်အပိတ်ခလုတ်များ အလိုအလျောက်ပွင့်စေနိုင်ပြီး  ထိုသို့ပွင့်စေခြင်းဖြင့် အပူချိန်လွန်ကဲ၍ပေါက်ကွဲနိုင်သည့် အန္တရာယ်များ ဖြစ်ပေါ်စေပါသည်။ KCA သည် ကိုရီးယား  (၂)ခုကို စမ်းသပ်ခဲ့ပြီး လျှပ်ကူးနိုင်သော သတ္တုများ (metal)နှင့် ထိတွေ့သည့်အခါ လော့ဒ်ဖွင့် ထားပါက( Lock mode on ) အဆိုပါ ထုတ်ကုန်များ၏ခလုတ်သည် အလိုအလျောက် ပွင့်သွားစေနိုင်ကြောင်းတွေ့ရှိခဲ့ရသည်။ ထုတ်လုပ်သူမှ ဖော်ပြထားသည့် သတင်းအချက်အလက်များအရ အဆိုပါ Olight ၏ M2R Pro Warrior နှင့် Warrior Mini ထုတ်ကုန်များသည် မှန်ကန်တိကျစွာ အသုံးပြုပါက စားသုံးသူအား အန္တရာယ်မဖြစ်နိုင်ပါကြောင်း၊ အတိ အကျအားဖြင့်   ကျောပိုးအိတ်၊ အိတ် သို့မဟုတ် အိတ်ကပ်များထဲတွင် သိမ်းဆည်းထားသည့်အခါတွင် အတော်တဆဖြစ်မှုအား ကာကွယ်ရန် အသုံးမပြုသည့် အခါ လော့ဒ်ပိတ်ထားရန်နှင့်  ( Lock mode off ) ခလုတ်ပိတ်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် ကုန်စည်အား အသုံးမပြုမီ သုံးစွဲသူလက်စွဲစာအုပ်အား သေချာစွာဖတ်ရှုရန် လိုအပ် ပါသည်။ အသုံးပြုရန် မလိုအပ်သည့်အခါ ပျက်စီးမှု (ပေါက်ကွဲမှု) မဖြစ်စေရန် သတ္တုပစ္စည်းများအနီးတွင် ဓာတ်မီးကို မထားသင့်ပါ။ ကုန်ပစ္စည်းနှင့်ပတ်သက်၍ စားသုံးသူများ ဘေးကင်းလုံခြုံ မှုရှိစေရန်အတွက် သုံးစွဲသူများအနေဖြင့် မိမိတို့ ဝယ်ယူထားသည့် ဓာတ်မီးသည် ထိခိုက်မှုရှိနိုင်သည့် ထုတ်ကုန်များ စာရင်းတွင်ပါဝင်မှု ရှိ၊ မရှိ သိလိုပါက Olight ထုတ်ကုန်များ ပြန်လည်ရောင်းချသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်းနှင့် ဘေးကင်းလုံခြုံမှုရှိသည့် အခြား ထုတ်ကုန်များနှင့် အစားထိုးကာ ပြန်လည်၍လည်း လဲလှယ်ခွင့်ရှိကြောင်းဖော်ပြထားပါသည်။

 

အသိပေးထုတ်ပြန်သည့်နိုင်ငံ                     ဗီယက်နမ်နိုင်ငံ

 

ထုတ်ပြန်သည့်နေ့ရက်                    ၂၂.၅.၂၀၂၂

အမျိုးအစား                                 smart နာရီ

ကုန်စည်                                     Fitbit Ionic Smartwatches

ထုတ်လုပ်သူ၏အမည်                    Fitbit LLC

ဆောင်ရွက်သည့်ပုံစံ

မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်

Fitbit Ionic Smartwatches  ကုန်စည်၏ ဘတ်ထရီသည် အပူလွန်ကဲ မီးလောင်နိုင်ကြောင်း တွေ့ရှိရသည့်အတွက်ဖြစ်ပါသည်။

အသိပေးထုတ်ပြန်သည့်နိုင်ငံ            စင်္ကာပူနိုင်ငံ

 

ထုတ်ပြန်သည့်နေ့ရက်                         ၂၄.၈.၂၀၂၂

အမျိုးအစား                                      ကလေးအသုံးအဆောင်ပစ္စည်း

ကုန်စည်                                           MamaRoo infant swings and RockaRoo infant rockers

Model                                              MamaRoo ( 4M-005,1026 and 1037) and RockaRoo( 4M-012)

ထုတ်လုပ်သူ၏အမည်                         4MOms

ဆောင်ရွက်သည့်ပုံစံ

လှုပ်ပုခက်ကို အသုံးပြုနေစဉ်တွင် အန္တရာယ်မဖြစ်နိုင်သော်လည်း အသုံးမပြုသည့်အချိန်တွင် ပုခက်တွင် တပ်ဆင်ထားသောသိုင်းကြိုးသည် တင်းအားမရှိသောကြောင့် လျော့ကျခြင်းဖြစ်ပေါ်စေကြောင်းနှင့် ယင်းသို့ လျော့ကျခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သောကြောင့် လုံခြုံစိတ်ချရသည့် ကြိုးနှင့်ပြန်လည်လဲလှယ်ပေးခြင်း။

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်

လှုပ်ပုခက်၏ နောက်ဘက်တွင်ချိတ်ထားသည့် သိုင်းကြိုးသည် ပုခက်အား အသုံးမပြုသည့် အချိန်တွင် အောက်သို့ လျော့ကျနေသဖြင့် ယင်းအနီးရှိကြမ်းပြင်တွင် တွားသွားအရွယ်ကလေးငယ်များ သွားလာမည်ဆိုပါက အဆိုပါလျော့ကျနေသော ကြိုးတွင်ချည်နှောင်မိနိုင်ပြီး လည်ပင်းအား ညှစ်မိခြင်းအားဖြင့်  အန္တရာယ်ဖြစ်စေနိုင်ခြင်းကြောင့်ဖြစ်ပါသည်။

အသိပေးထုတ်ပြန်သည့်နိုင်ငံ                စင်္ကာပူနိုင်ငံ

Alert Number - A12/1983/18 Date published – 4/1/2019 အမျိုးအစား - အပန်းဖြေအနားယူရန်သုံးပစ္စည်း ကုန်ပစ္စည်း - ပက်လက်ကုလားထိုင် တံဆိပ် - Crespo မော်ဒန်နံပါတ် - AL/363-DL-40 AL/364-17 AP/363-AD-80 Batchnumber/Barcode: 8 421228 021400 8 421228 248173 8 421228 201802 အန္တရာယ်ဖြစ်စေနိုင်သောပုံစံ Crespo တံဆိပ် နေပူဆာလှုံပက်လက်ကုလားထိုင် ၏ ရှေ့နှင့်နောက်ထောက်တိုင် (ခြေထောက်) တွင် လော့ခ်စနစ် (locking mechanism) မပါဝင်သောကြောင့် အချိန်မရွေးပိတ်မိပြီး ထိခိုက် ဒဏ်ရာ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ အသိပေးချက် အဆိုပါ ပက်လက်ကုလားထိုင် သည် EU ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေရန် အသိပေးတင်ပြအပ် ပါသည်။ ပင်ရင်းနိုင်ငံ - တရုတ် ထုတ်ပြန်သည့်နိုင်ငံ - စပိန် အဆင့်သတ်မှတ်ချက် - ပြင်းထန်အဆင့် Source: Rapid Alert System (European Commission) Code: 012011913

Alert Number - A12/1871/18

Date published – 14/12/2018

အမျိုးအစား   - ကျန်းမာရေးနှင့်အားကစားသုံးပစ္စည်း

ကုန်ပစ္စည်း     - တောင်တက်ကြိုး

တံဆိပ်          - AL-NASR

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

AL-NASR တံဆိပ် တောင်တက်ကြိုးသည် လုံလောက်သောကြံ့ခိုင်မှုမရှိသောကြောင့် အသုံးပြုနေစဉ် အတွင်း ကြိုးပြတ်နိုင်ပြီး ထိခိုက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

အဆိုပါတောင်တက်ကြိုးသည် EU ၏သတ်မှတ်ထားသောစည်းမျဉ်းများနှင့်ကိုက်ညီမှုမရှိ ကြောင်း နှင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေရန် အသိပေး တင်ပြအပ် ပါသည်။

ထုတ်ပြန်သည့်နိုင်ငံ - ဂျာမဏီ

အဆင့်သတ်မှတ်ချက် - ပြင်းထန်အဆင့်

Source: Rapid Alert System (European Commission)

Code: 012011913

Pages