ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Feb 2025

             မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

25 Feb 2025

           ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကြောင်လျှာသီး (အနု)ကို စားစရာ ဟင်းလျှာအဖြစ် စားသုံးလေ့ရှိပြီး စီးပွားဖြစ်စိုက်ခင်းအနေဖြင့် စိုက်ပျိုးမှုမရှိသလောက် ရှားပါးပြီး  တပိုင်တနိုင်သာစိုက်ပျိုးကြပါသည်။ နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း အသီး(အနု) ကို စားသုံးရန်အတွက်ရောင်းဝယ်နေသလို စားလို့မရတော့သည့် ကြောင်လျှာသီး (အရင့်)များကို အတောင့်အရွယ်အစားကိုလိုက်၍ တစ်တောင့် ငွေကျပ် (၁၀၀-၁၅၀) နှုန်းဖြင့်  ကြောင်လျှာဆံထုတ်ရန် ဝယ်ယူကြောင်းသိရပါသည်။

25 Feb 2025

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဒမငယ်ရွာ၊ ကြို့ပင်သာရွာ၊ သရက်ပင်ကန်ရိုးရွာ၊ အုတ်တန်းရွာ၊ ရေကြည်ရွာ၊ ခြောက်ခမ်းရွာ၊ ရင်းတိုက်စမ်းရွာ စသည့်ကျေးရွာများတွင် ချောင်း၊ မြောင်း၊ အင်းအိုင်နှင့် ကွင်းရေများရှိသည့်အတွက် ရောင်းဝယ်ရေးဒိုင်များသို့  ငါးရှဉ့်များ တစ်နှစ်ပတ်လုံးဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ၊ ဆောင်းတွင်းကာလနှင့် မိုးတွင်းကာများတွင် ငါးရှဉ့်  ဝင်ရောက်မှု ပိုမိုများပြားပြီး ဧပြီလနှင့် မေလများတွင်    ငါ

25 Feb 2025

              ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်လက်ပံတန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲစိုက်ဧက (၉၉၂၉၅) ဧက ရှိခဲ့ပြီး စိုက်ပျိုးထားသော မတ်ပဲမျိုးများမှာ TBL-9၊ ရေဆင်း-၂၊ ရေဆင်း-၇၊ ပဲမြွေဟောက်မျိုးတို့ အများဆုံးစိုက်ပျိုးကြသည်။ ရေလိုက်ပဲခေါ်(ကိုင်းမြေ) တွင် စိုက်ပျိုးသောရေလိုက်ပဲများ လှိုင်လှိုင်ထွက်ရှိကာ ပျမ်းမျှအထွက်နှုန်း(၂၀)တင်းကျော် ထွက်ရှိကြပြီးဈေးနှုန်း အနေဖြင့်  ပေါ်ကာစအချိန် တစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်ရရှိခဲ့ပြီး ယခုပေါက်ဈေးနှုန်းမှာ  (၉၅၀၀၀)  ကျပ်ဈေးသို့ပြန်လည်ကျဆင်

25 Feb 2025

          ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ကြက်သွန်များ စိုက်ပျိုးထားရှိကြောင်း သိရပါသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနများ အားသိရှိနိုင်ပါရန် ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၄.၂.၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းခဲ့ပါသည်။

Pages