ကုန်သွယ်မှုသတင်းများ
ထားဝယ်မြို့၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှ ယူ၍ရောင်းချကြပြီး တစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှ ၃၀၀၀ ဈေးနှုန်းဖြင့် ထားဝယ်မြို့ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ရောင်းချကြကြောင်းသိရှိရပါသည်။

ရာသီစာဖြစ်သည့် ထားဝယ်ဒေသထွက် ပေါ်ဦးပေါ်ဖျားပီလောပီနံဥကို ထားဝယ်မြို့အနီး တစ်ဝိုက်ရှိကျေးရွာများမှ မြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများ သည် ပီလောပီနံဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ပီလောပီနံသည် လူသားတို့နှင့် သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်မှုနည်းပြီးနိုင်ငံခြား ဝင်ငွေရရှိနိုင်သောကြောင့် စိုက်ပျိုးသင့်သောသီးနှံ တစ်ခုဖြစ်သည်။

ခဝဲပင်သည် နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။ ခဝဲပင်သည် အပင်ရှည်နွယ်တစ်မျိုးဖြစ်ပြီး မိုးဒဏ်ခံနိုင်အောင် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးကြ သည်။ ယခုအခါတွင် ခဝဲပင်များကို ရာသီမရွေးစိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ မြန်မာတို့သည် ခဝဲသီးကို ဟင်းချက်၍သော်လည်းကောင်း၊ ခဝဲသီးကိုပြုတ်ပြီး အတို့အမြှုပ်အဖြစ်ပြုလုပ်၍ ငါးပိရည်နှင့်တွဲဖက်၍ စားသုံးကြပါသည်။

ကြက်ဟင်းခါးသီးကို ထားဝယ်မြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြသလို အပိုဝင်ငွေရရှိရန်အတွက်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ထားဝယ်မြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။
ကြက်ဟင်းခါးသီးကိုပြုတ်၍ငပိရည်နှင့်တို့စရာအဖြစ်တို့စားလို့ရသလိုပုဇွန်ခြောက်နှင့် လည်းကြော်စားပါက ထမင်းမြိန်စေသည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်ကြပါသည်။

လူတန်းစာမရွေး လူအများကြိုက်နှစ်သက်သည့်ပဲပြားသည် ပရိုတင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကိုကြော် ကာအစာသိပ် လုပ်စားခြင်း၊ ပဲပြားတုတ်ထိုးလုပ်စားခြင်း၊ ပဲပင်ပေါက်နှင့် ကြော်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း၊ ခရမ်းချဉ်သီးနှင့် အခြားမိမိကြိုက်နှစ်သက်ရာတို့ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါသည်။
