ကုန်သွယ်မှုသတင်းများ
မြေပဲဆီသည် မြေပဲသီးနှံမှ ကြိတ်ခွဲထုတ်လုပ်ရရှိသော စားသုံးဆီတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများတွင် ချက်ပြုတ်ကြော်လှော်စားသုံးရာတွင် လူကြိုက်များသည့် စားသုံးဆီ ဖြစ်သည်။

မြင်းခြံမြို့နယ်အနေဖြင့် မိုးကြက်သွန်နီစိုက်ဧက (၅၆၃) ဧက ရှိပါသည်။ ဒီဇင်ဘာလ စတုတ္တပတ်မှစ၍ မိုးကြက်သွန်များဈေးကွက်အတွင်း ရောင်းလက် / ဝယ်လက် ပုံမှန်ရောင်းဝယ်နေ သည်မှာ ယနေ့ချိန်ထိတိုင်ဖြစ်ပါသည်။ မိုးကြက်သွန်နီသည် နွေကြက်သွန်ပင်လေးအပြီး ပေါ်သော သီးနှံတစ်ခုဖြစ်ပြီး နယ်ဈေးကွက်ကို အဓိကအားကိုးအားထားပြု ရောင်းဝယ်ရခြင်းဖြစ်ပါသည်။ နွေပင်လေးလိုအထားမခံ လှောင်လို့လဲမရ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ခပ်ပြန့်ပြန့် လေးထားပြီး ဈေးကွက်တောင်းဆိုရာကို ဝယ်တင်စနစ်ဖြင့် ရောင်းဝယ်ရသောသီးနှံပင်ဖြစ်

မြင်းခြံမြို့နယ်သည် အညာဒေသတစ်ခုဖြစ်သည့်အလျောက် အပူပိုင်းဒေသများတွင် ပေါက် ရောက်မှုများသည့် ဆီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြသလို အလေ့ကျပေါက်သည့် ဆီးပင်များ လည်း ပေါများသောဒေသတစ်ခုဖြစ်ရာ ဖေဖော်ဝါရီလအတွင်းမှစ၍ ဆီးချို၊ ဆီးချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီးပင် များကို ဝိုင်းခြံစည်းရိုးများတွင်ဖြစ်စေ စိုက်ပျိုးကြသလို တောင်ယာစိုက်ခင်းများ၏ စည်ရိုးများနှင့် သီးနှံစိုက်ပျိုးလို့မရသည့် မြေလွတ်မြေရိုင်းများတွင်လည်း စ

ဗောက်သီးကို ဖောင်ဖောင်သီး၊ ဗောက်လောက်သီး၊ ဘောင်ဘောင်သီး စသဖြင့် ခေါ်ဆို ကြပါသည်။ ဗောက်သီးကို အင်္ဂလိပ်လို Ground Cherry ဟုခေါ်ပြီး သိပ္ပံနာမည်ကတော့ Physalis Peruviana ဟုခေါ်ဆိုပါသည်။ အခြားဒေသများတွင် Cape Gooseberry ဟုလည်း ခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။ ဗောက်ပင်မှာ အရိုင်းနှင့်အယဉ်ဟူ၍(၂)မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင် နှင့်အာနိသင်များမှာ တူသည်ဟုပြော၍ရပါသည်။ တစ်ရာသီခံပင်ပျော့အမျိုးအစားဖြစ်ပြီး (ခရမ်းပင်၊ ခရမ်းချဉ်ပင်၊ သခွားပင်) စသည့်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ ဗောက်သီ

မန္တလေးမြို့တွင်းရှိ ပွဲရုံများသို့ ပဲတီစိမ်းထွက်ရှိရာဒေသများဖြစ်ကြသော ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများမှ မိုးကြိုပဲတီစိမ်းများ အများအပြားဝင်ရောက်လျက်ရှိသည်။ မန္တလေးပွဲရုံများသို့ လာရောက်ရောင်းချကြသော လယ်ယာထွက်ကုန်ပစ္စည်းများအနက် ပဲတီစိမ်းသည် မြန်မာနိုင်ငံ၏ ထိပ်ဆုံးပို့ကုန်(၁၀)မျိုးထဲမှ ပဲအမျိုးအစားတစ်မျိုးဖြစ်သည်။ ပဲမျိုးစုံပြည်ပတင်ပို့မှုတွင် မတ်ပဲပြီးလျင် ဒုတိယအများဆုံး
