ကုန်သွယ်မှုသတင်းများ
မန္တလေးဈေးကွက်အတွင်းသို့ ပိန္နဲသီးနုနုများ ဖေဖော်ဝါရီလလယ်မှစ၍ ဝင်ရောက်လျက် ရှိပါသည်။ ယခုရာသီသည် ပိန္နဲသီးပင်မှရွက်ဟောင်းများကြွေကျပြီး ရွက်သစ်အဖူး၊ အပွင့်များ နှင့်အတူ ပိန္နဲသီးနုနုကလေးများ စတင်သီးဝင်နေပြီဖြစ်ပါသည်။ ပိန္နဲပင်သည် တစ်ခါစိုက်ထားလျှင် တစ်သက်စားမကုန်သော အပင်ကြီးမျိုးဖြစ်ပါသည်။ ခေတ်မီတိုးတက်လာသည်နှင့်အမျှ အရွယ် ငယ်ငယ်နှင့်သီးသော အပင်ပုမျိုးများကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ပိန္နဲပင်ကို အိမ်ခြံဝင်း များနှင့် ဥယျာဉ်ခြံများတွင် စိုက်ပျိုးလေ့ရှိပါသည်။ မတ္တရာ၊ မိုးက

မန္တလေးမြို့(၄၁)လမ်းအနီးတွင် နေထိုင်သူများမိသားစုစားဝတ်နေရေးအတွက် ရာသီမရွေး ရောင်းချရသော ပဲတီစိမ်းကို ပဲတီပင်ဖောက်၍ ရောင်းချလျှက်ရှိသည်။ ပဲတီစိမ်းအပင်ဖောက် ရာတွင် နှစ်ဟောင်းပဲတီစိမ်းများကို အပင်ဖောက်ရပြီး ပဲတီစိမ်းအသစ်အသုံးပြုမှုမရှိကြောင်း သိရှိရသည်။ ပဲတီပင်ဖောက်ကို ကန်စွန်းရွက်နှင့်ကြော်စား၍လည်းကောင်း၊ ပဲတီပင်ဖောက်ကို ရေနွေးဖျော၍ သုပ်စား၍လည်းကောင်း၊ ကြက်ဥနှင့်ကြော်စား၍လည်းကောင်း၊ ပဲတီချဉ်အဖြစ် လည်း စားသုံး၍လည်းကောင်း မန္တလေးမြို့တွင် မုန့်ရေပါးများထဲတွင်လည်း အနည

မန္တလေးမြို့တွင်းရှိ ပွဲရုံများသို့ ပဲတီစိမ်းထွက်ရှိရာဒေသများဖြစ်ကြသော ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများမှ မိုးကြိုပဲတီစိမ်းများ အများအပြားဝင်ရောက်လျှက်ရှိသည်။ မန္တလေး ပွဲရုံများသို့ လာရောက်ရောင်းချကြသော လယ်ယာထွက်ကုန်ပစ္စည်းများအနက် ပဲတီစိမ်းသည် မြန်မာနိုင်ငံ၏ ထိပ်ဆုံးပို့ကုန်(၁၀)မျိုးထဲမှ ပဲအမျိုးအစားတစ်မျိုးဖြစ်သည်။ ပဲမျိုးစုံပြည်ပတင်ပို့မှု တွင် မတ်ပဲပြီးလျှင် ဒုတိယအများဆ

မန္တလေးမြို့အတွင်းသို့ ကြံထွက်ရှိရာဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ မတ္တရာမြို့အနီးရှိ တံငါရွာ၊ ပြင်ဦးလွင်၊ ရှမ်းမြောက်တို့မှ ပွက်သား(ခေါ်)သကာရည်များကို ကြံစိုက်တောင်သူများကိုယ်တိုင်ချက်၍ တင်ပို့ရောင်းချကြသည်။ ပွက်သားအသစ်များ ဝင်ရောက် လျှက်ရှိသော်လည်း သကြားဈေးများတက်လျှက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ စတုတ္ထပတ်တွင် ပွက်သား တစ်ပိဿာလျှင်(၂၂၀၀)၊ ပေါင်းသကြားတစ်ပိဿာလျှင်(၃၉၅၀/၃၉၈၀)ကျပ်၊ ခါသကြား တစ်ပိဿာ လျှင်(၃၉၂၀)ကျပ် အထိအရောင်းအဝယ်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စတုတ္ထပတ်တွ

မြင်းခြံမြို့နယ်တွင် ရာသီစာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ပန်းမုံလာများကို ကျေးရွာတစ်ချို့တွင် စိုက်ပျိုးထားကြပြီး စိုက်ပြီး ရက် ၈၀ အကြာတွင် ဈေးကွက်ရောင်းတန်းဝင် ပန်းမုံလာထုပ်များရရှိလို့ ဆွတ်ခူးရောင်းဝယ်ကြရာ တစ်ရက်လျှင် အပွင့်ရေ ၆၀၀ နှင့် ၇၀၀ အကြားရှိ ကြောင်း မြင်းခြံဈေးကွက်တွင် ဒေသထွက် ပန်းမုံလာများရှိသလို နယ်ဈေးကွက် အောင်ပန်းနယ် များမှထွက်ရှိသော ပန်းမုံလာများလဲ ရံဖန်ရံခါ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ဈေးနှုန်းအနေ ဖြင့် ကွာခြားမှုမရှိဘဲ ပန်းမုံလာတစ်ပွင့်လျှင် ငွေကျပ် ၅
