ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်းချနေသော သစ်သီးဆိုင်များတွင် ကျွဲကောသီးနှင့် သခွားမွှေးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ ကျွဲကောသီးနှင့် သခွားမွှေးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ ပြည်သူများအား (၂၄.၂.၂၀၂၅)ရက်နေ့တွင် မြို့တော်ခန်းမ၌ စားအုန်းဆီများကို ဆီကုန်သည် ဒေါ်ချိုတီမှ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ စားအုန်းဆီရောင်းချမှုအား ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှ သွားရောက်ကြီးကြပ်ခဲ့ကြပြီး သင့်တော်သော ဈေးနှုန်းနှင့် ပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် စားအုန်းဆီ (၁၀) ပေပါအား ရောင်းချခဲ့ပး

ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန် ပစ္စည်းဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၈၀၀၀၀မှ၉၂၀၀၀)ကျပ်၊ ငါးပုတ်သင် ခြောက်(၁)ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၈၄၀၀၀)ကျပ်၊ မြီးဆံ သွယ်ခြောက်အငံ(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ မြီးဆံသွယ်ခ

ကန့်ဘလူမြို့“မြို့မဈေး”နှင့် သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်များတွင် ရာသီစာဖရဲသီးများကို ရောင်းချလျက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံများမှမှာယူ၍ ပြန်လည်ရောင်းချကြောင်းသိရ သည်။ ဖရဲသီးသည် အရည်ရွှမ်းပြီးချိုသောကြောင့် သရေစာအဖြစ်လည်းကောင်း၊ အဖျော်ရည်ဆိုင် များမှလည်း ဖရဲသီးဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကိုစိပ်၍သော်လည်းကောင်း ရောင်းချ လျက်ရှိရာ ဝယ်ယူစားသုံးသူများ များပြားလျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖရဲသီးဈေးနှုန်းမှာ ဖရ
