ကုန်သွယ်မှုသတင်းများ
ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာ သည်ကိုလည်း တွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျ စိုက်ပျိုးခြင်းမရှိလျှင် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ ဖြစ်တတ်ကြေ

မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင် ၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကို သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူဦးဝင်းအောင်၏ ပြောပြချက်အရသိရသည်။
