ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံ အဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ်အရောင်း အဝယ်ဖြစ် လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် မိုးကြက်သွန်နီ(ဥစိုက်)အပြင် ပင်စိုက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးမှုများသော ရွာသစ် ရပ်ကွက်နှင့် ကိုးတောင့်အုပ်စုအတွင်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်တွင်းဆီစက်လုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်တွင်းတပိုင်တနိုင် ဆုံဆီလုပ်ငန်းများ ထုတ်လုပ်ရောင်းချမှု အခြေအနေ အား သိရှိနိုင်ရန် ရည်ရွယ်၍ (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆုံဆီလုပ်ငန်းများ၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဈေးနှုန်း/ ဈေးကွက်အခြေအနေအား သိရှိနိုင်ရန် သွား ရောက်မေးမြန်းလေ့လာခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှု နည်းပါးခြင်းကြောင့် ဒေသတွင်းစားသုံးမှုမလုံလောက်၍ ကြက်ဥကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စိုက်ပျိုးရေးကိုအခြေခံပြီး ဒေသထွက်ကုန် များစွာထွက်ရှိရာမှ ဆီးသီး(ဇီးသီး)လည်းတစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ပခုက္ကူဈေးကွက်တွင် ဆီးချဉ်သီး အစို၊ အခြောက်များ ဈေးကွက်သို့လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ယခု၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် ဆီးသီးနှင့်ဆီးစေ့များ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီးသီးပေါ်ချိန် ဖြစ်၍ မြို့ပေါ်ရှိ ဆီးခွဲစက်များလည်း တွင်ကျယ်စွာလည်ပတ်လျက်ရှိသည်။ မြန်မာနိုင်ငံနေရာအနှံ့ အပြားတွင် ဆီ

ပြည်အနီးအနားတွင်စောင်းလျားပင်များအများအပြားတွေ့ရှိရပါသည်။ စောင်းလျားပင်တွင် အချိုသီးနှင့် အချဉ်သီးဟူ၍နှစ်မျိုးရှိပါသည်။ စောင်းလျားသီးသည် ဆေးဖက်ဝင်သောသီးနှံတစ်မျိုး ဖြစ်ပြီး ဗီတာမင်အေ၊ သတ္ထုဓာတ်တို့များစွာပါဝင်ပါသည်။ စောင်းလျားသီးကို သကြားနှင့် စားပေး ခြင်းဖြင့် အစာမကြေဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းမှ ကင်းဝေးစေပါသည်။ ဟင်းချက်၍လည်း စားသုံးနိုင်ပြီး ငါးပြေမနှင့်ချက်၍စားသုံးလျှင် ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို သက်သာစေ ပါသည်။ စောင်းလျားသီးအချိုသီးကို ယိုထိုး၍စားသ
