ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Feb 2025

          ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည် များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လည် (၂)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

26 Feb 2025

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြသည်။ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်း သီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များကို လူကြိုက်များ ၍အရောင်းအဝယ်ပိုဖြစ်သည်။ အစေ့လွတ်မန်ကျည်းသီးမှည့်ရရှိရန်အတွက် မန်ကျည်းသီးမှည့် အတောင့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။

26 Feb 2025

ရွှေဘိုမြို့တွင် ခရမ်းချဉ်သီးများကို  လှိုင်လှိုင်ရောင်းချလျက်ရှိရာ  ခရမ်းသီးများကို မန္တလေး မြို့နှင့် ရေဉီးမြို့မှ ဝယ်ယူကြကြောင်း၊ ယခုအချိန်တွင်  ခရမ်းချဉ်သီး ဈေးနှုန်းမှာ ကျဆင်းနေပြီး   ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္တ)လပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ခရမ်းချဉ်သီးဈေးနှုန်း များမှာ အရွယ်အစားပေါ်မူတည်၍ အင်းသီး(၁)ပိဿာလျှင် (၅၀၀)ကျပ် မှ (၁၀၀၀)ကျပ် အထိ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ခရမ်းချဉ်သီး ရောင်းချသည့် ပွဲရုံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

26 Feb 2025

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးနှင့် ပန်းခြံဈေးတို့တွင် အသီးမျိုးစုံ ရောင်းချသည့် ဆိုင်များတွင် စတော်ဘယ်ရီသီးများလည်း လှိုင်လှိုင်ရောင်းချနေရကြောင်း၊ ဈေးကွက် အနေဖြင့် ပခုက္ကူမြို့သည် သီးနှံမျိုးစုံစိုက်ပျိုးရာဒေသဖြစ်သော်လည်း ရေမြေ ရာသီဥတုနှင့်မကိုက်ညီ၍ စတော်ဘယ်ရီပင်များစိုက်ပျိုးခြင်းမရှိ၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မှ ဝယ်ယူရောင်းချရ ကြောင်း သိရသည်။

26 Feb 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ သစ်သီးမျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရာသီ ပေါ် ဖရဲသီးများလည်း စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသထွက် သီးနှံအပြင် မန္တလေးနှင့်ပြင်ဦးလွင်မြို့များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဖရဲသီးသည် အရည်ရွှန်း၍ ချိုပြီး အေးမြသောသီးနှံဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း၊ အသီးကို စိတ်၍သော်လည်းကောင်း ဖျော်ရည်လုပ်၍သော်လည်းကောင်း စားသုံးမှုများကြောင်း သိရှိရသည်။

Pages