
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့က အောက်တိုဘာလ ၂၄ ရက်နေ့ထုတ်ပြန်သည့် အချက်အလက်များအရ စင်ကာပူ၏ ကုန်ထုတ်လုပ်မှုသည် စက်တင်ဘာလတွင် ယခင်နှစ် ကထက် ၁၆.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရပါသည်။
ရာသီဥတုအလိုက် ချိန်ညှိထားသော လစဉ်အခြေခံအရဆိုလျှင် အလုံးစုံထုတ်လုပ်မှုသည် ၂၆.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။ ယေဘုယျကုန်ထုတ်လုပ်မှုနှင့် တိကျသော အင်ဂျင်နီယာ လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းအားလုံးသည် ယခင်နှစ်ကထက် တိုးတက်မှုများရှိခဲ့ပါသည်။ ဇီဝဆေးပညာဆိုင်ရာ ကုန်ထုတ်လုပ်မှုသည် ၄၅.၉ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့ပါသည်။
ဆေးဝါးကဏ္ဍသည် ဇီဝထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှုနှင့် တက်ကြွသော ဆေးဝါးပါဝင် ပစ္စည်းများရောနှောမှုတို့ကြောင့် ၅၅.၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါသည်။ ဆေးဘက်ဆိုင်ရာ နည်းပညာကဏ္ဍသည်လည်း ဆေးဘက်ဆိုင်ရာ ကိရိယာများအတွက် ရေရှည်တည်တံ့သော ပို့ကုန်ဝယ်လိုအားကြောင့် ၄.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။
၎င်းနှင့် ဆန့်ကျင်ဘက်အားဖြင့် ယေဘုယျ ကုန်ထုတ်လုပ်မှုနှင့် တိကျမှုရှိသော အင်ဂျင်နီယာလုပ်ငန်းကဏ္ဍတို့တွင် ထုတ်လုပ်မှုသည် ၄.၇ ရာခိုင်နှုန်းနှင့် ၅.၉ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
