ကုန်သွယ်မှုသတင်းများ
ပြည်မြို့နယ်အတွင်းရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့နယ်များမှ ရထား၊ ကားများဖြင့် တင်ပို့ရောင်းချကြသည်။ ပြည်မြို့နယ်ရှိမှော်ဇာကျေးရွာများ၌လည်း အများဆုံး စိုက်ပျိုး ရောင်းချနေကြောင်း သိရပါသည်။ ရန်ကုန်ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့နယ်အတွင်းရှိဈေးကွက်များတွင် ပြောင်းဖူးစိမ်းတစ်ဖူးလျှင် အကြီးအသေးပေါ်မူတည်၍ (၇၀၀ကျပ် - ၈၀၀ကျပ် -၁၀၀၀ကျပ်)ဖြင့် ရောင်းချကြပါသည်။ ရန်ကုန်-ပြည်-ရထားလမ်း၊ ကားလမ်း တစ်လျှောက်တွင်လည်း ပြောင်းဖူးအပြုတ်၊ ပြော

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် ရွှေဖရုံသီး (လက်ရိုက်သီး) စိုက်ပျိုးထားရှိသဖြင့် အကျိုးအမြတ်နှင့် ကုန်ကျစရိတ်များအားသိရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၅.၂.၂၀၂၅)ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ ဒေါ်ဝင်းဌေး၏ တံမြက်စည်းလုပ်ငန်း သည် အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကိုင်းတံမြက်စည်းပင်ကို ဝါးလက် ကိုင်ရိုးတပ်၍ ပြုလုပ်ရောင်းချခြင်းဖြစ်ပါသည်။ ကိုင်းတံမြက်စည်းများသည် ပဲခူးရိုးမ တောင်တန်း တောင်စောင်းများတွင် ပေါက်ရောက်သည်။

မြန်မာလူမျိုးတို့သည် သပြေပန်းကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းသည် ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိကြောင်း၊ ယခုအခါတွင် သပြေပန်းပင် များကို ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးထွက်ရှိသောပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သုံးဆယ်မြို့ ဆရာစံမြို့သစ်ရပ်ကွက်မှ ထုတ်လုပ်သော တံမြက်စည်းလုပ်ငန်းရှင် ဦးဇော်မင်းဦးထံသို့ သာယာဝတီမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ ကွင်းဆင်းပြီး တံ မြက်ကုန်ကြမ်းများကို တောင်ညိုရွာဘက်မှ မြက်ခြောက်ကို အတစ်ပိဿာလျှင် ၃၅၀၀/ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူပြီး တံမြက်စည်း အချော(၅) ချောင်းထုတ်လုပ်ရရှိပါ သည်။ခန့်အလုံးလေး ပထမဦးစွာ မြက်ခြောက်များကို အရိုး အနားဖယ်ထုတ်ပြ
