သာစည်မြို့ ၊ မယ်ဇလီကန်ကျေးရွာ သောက်ရေအိုး ဈေးကွက်

Powered by Drupal

           သာစည်မြို့နယ်သည် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသော ဒေသဖြစ်သည်။ သာစည်မြို့နယ်၊မယ်ဇလီကန်ကျေးရွာသည် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသလို တစ်ဖက်မှလည်း တစ်ပိုင်တစ်နိုင် အိုးလုပ်ငန်း/မီးဖိုလုပ်ငန်းများ လုပ်ကိုင်၍ မိတ္ထီလာ-တောင်ကြီး ကားလမ်းမ ဘေးလမ်း တစ်ဖက်တစ်ချက်စီ၌ ရောင်းချကြပါသည်။

          ယခုအခါ ရေကို ရေခဲသေတ္တာ ၊ water Cooler များအသုံးပြုလာသလို ရှေးလူကြီးများအနေဖြင့် သောက်ရေအိုး(မြေအိုး)များကို အစဉ်အဆက်အသုံးပြုနေဆဲပင်ဖြစ်ပါသည်။မယ်ဇလီကန်ဒေသထွက် သောက်ရေအိုးဈေးနှုန်းမှာ အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ် ၊ အလတ်တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၂၅၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိပါသည်။ သောက်ရေအိုးများကို လက်လီရောင်း ချသလို သာစည်၊မိတ္ထီလာ၊ဝမ်းတွင်း၊မလှိုင်၊ပျော်ဘွယ် ဒေသများသို့ လက်ကားတင်ပို့ရောင်းချရကြောင်း  သိရပါသည်။

  DOCA(မန္တလေး)