အစိုဓါတ်လျော့လာသည့် မြေပဲတောင့်ဈေးကောင်းရ

Powered by Drupal

               မိတ္ထီလာခရိုင်အတွင်း မလှိုင်မြို့နယ်သည် မိုးမြေပဲကို ခရိုင်အတွင်း အများဆုံးစိုက်ပျိုးရာ ယခုနှစ် မိုးကောင်းသည့်အတွက် စောစိုက်၊ စောနုတ်ကာ ဩဂုတ်လမှစ၍ နုတ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးမြေပဲများမှာ စက်တင်ဘာလတွင် အများဆုံး နုတ်သိမ်းခဲ့ကြရာ ဈေးကွက်အဝင်လှိုင်ခြင်း၊ အစိုဓါတ်များခြင်းတို့ကြောင့် အတောင့်တစ်တင်းလျင်(၂၂၀၀၀)ကျပ် ဈေးသာရရှိခဲ့ပါတယ်။ ယခု အခါမှာတော့နုတ်ပြီး(၁)လခန့်ကြာပြီဖြစ်၍အစိုဓါတ်နည်းသွားပြီဖြစ်လို့အတောင့်တစ်တင်းလျင်တောင်သူဈေး(၄၅၀၀၀)ကျပ်ထိ ရရှိနေကြောင်းသိရသည်။ မလှိုင်မြို့နယ်အနေဖြင့် ယခုနှစ်မိုးမြေပဲ စိုက်ဧကပေါင်း (၂၄၀၀၀)ကျော်ရှိပြီး ယခုအခါ အစိုက်နောက်ကျသည့် ကျေးရွာအချို့မှာ နုတ်သိမ်းနေ ဆဲဖြစ်ကြောင်းနှင့် လက်ရှိနုတ်သိမ်းပြီးစီးမှု အခြေအနေအရ တစ်ဧက (၃၃)တင်းကျော် ထွက်ရှိ ကြောင်း သိရသည်။

  DOCA(မန္တလေး)