
ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ် စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၇၀)ကျပ်၊ 95 Octance(၂၉၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၄၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၉၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
