ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Feb 2025

            ဓနုဖြူမြို့နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် တပိုင်တနိုင် ကုန်ထုပ်လုပ်ငန်း များဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ဆန်၊ စပါးကို အဓိက စိုက်ပျိုးနေပြီး ဒေသတွင် ထုတ်ကုန်များလည်း ရှိသည်။ လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံမြေစိုက်ပျိုးသူလည်းများပြားပြီး စီးပွားဖြစ်လုပ်ကိုင်နေကြပြီး ဒေသတွင်းမှ စိုက်ပျိုးသော ဟင်းသီးဟင်း ရွက် တစ်ခုဖြစ်သော ဗုံလုံသီ’နှံကိုလည်း စိုက်ပျိုးနေပြီး ရန်ကုန်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

24 Feb 2025

            မြန်မာလူမျိုးများသည် ဟင်းသီးဟင်းရွက်၊ သား၊ ငါး၊ များကို မိသားစု ထမင်းဝိုင်တွင် စုံလင်စွာဖြင့် စားသောက်နေထိုင်ကြသည်။ အတို့အမြုတ် ငပိ ရေဖြင့် ထမင်းစားကြပြီး သား၊ငါးကို အဓိကဟင်းလျာဖြင့် စားလေ့ရှိသည်။ ဟင်းသီးဟင်းရွက်သည် လူခန္ဓာကိုယ်အတွက် အဟာရဓါတ်ပြုခြင်းကြောင့် စားသုံးသင့်သည်။ ဟင်းသီးဟင်းရွက်များကို ဓနုဖြူမြို့နယ်တွင် နှစ်စဉ်စိုက်ဧက (၆၅၇၉) ဧက စိုက်ပျိုးလျှက်ရှိပြီး တပိုင်တစ်နိုင် စိုက်ပျိုးမှုမှ စီးပွားဖြစ် စိုက်ပျိုးခြင်းများလည်းရှိကြောင်း လေ့လာသိရှိရသည်။

24 Feb 2025

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ဆောင်းသီးနှံ မတ်ပဲစိုက်ဧက (၈၉၃၃၄)ဧက ရှိပြီး ထွက်ရှိမှုအနေဖြင့် (၄၂၈၂၄) ဧကထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ်ပဲစိုက်ပျိုးထွက်ရှိမှု အခြေအနေကို ရေတွင်းကုန်ကျေးရွာအုပ်စု၊ ဓနုဖြူမြို့နယ် ဦးတင်ဝင်းနိုင် မတ်ပဲ ၄ဧကစိုက်ပျိုးထွက်ရှိနေပြီဖြစ်၍ မတ်ပဲထွက်ရှိမှုအခြေအနေနှင့် တစ်ဧကအကျိုးအမြတ် ဈေးကွက်ရရှိမှု အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့သည်။

24 Feb 2025

တောင်ကြီးမြို့ရှိ သစ်သီးဝလံဈေးကွက်တွင် စစ်ကိုင်းတိုင်း၊ မိတ္ထီလာမြို့၊ ပျော်ဘွယ်မြို့များမှ ဝင်ရောက်လာသည့် စပျစ်သီးများကို အမှတ်(၅)ဈေး၊ စဝ်စံထွန်းဈေး နှင့် မြို့မဈေးတို့၌ အများအပြားရောင်းချလျက်ရှိနေပါသည်။ ယခုလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော စပျစ်သီးဈေးနှုန်းများမှာ ခရမ်းရောင် အလုံး(ဝိုင်း) ၂၅ ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ ခရမ်းရောင် (အချွန်)သီး မှာ အလုံးအကြီး/အသေး အပေါ်မူတည်၍ ၂၅ ကျပ်သားလျှင် (၅၀၀၀-၈၀၀၀-၁၀၀၀၀) ကျပ်အထိရောင်းချလျက်ရှိပြီး နို့စပျစ်အစိမ်းရောင်အစေ့လွတ်(အဝိုင

Pages