ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်ရှိ ပွဲရုံများသို့ နီးစပ်ရာဒေသများမှ အာလူးများ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ အာလူးများအနေဖြင့် အလုံးကြီး၊ အလုံးလတ်နှင့် အလုံးသေးဟူ၍ သုံးမျိုးရှိပြီး အလုံးကြီးများကို အာလူးကြော်လုပ်ငန်းများတွင် အသုံးပြုပြီး အလုံးလတ်များကို စားသုံးရာတွင်အသုံးပြုကြောင်း၊ အလုံးသေးများကိုမူ အကြော်စုံ သမားများမှ အာလူးကြော်အတွက်အသုံးပြုခြင်း၊ အာလူးထမင်းအတွက် အသုံးပြုခြင်းများ ရှိကြောင်း သိရှိရသည်။

နံနံပင်ကို ဟင်းချက်ရာတွင် အမွှေးအကြိုင်တစ်ခုအဖြင့် အသုံးပြုပြီး နံနံအစေ့ကိုလည်း ဟင်းခပ်မဆလာအဖြစ် အသုံးပြုနိုင်ပါသည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံ၊ အုန်းနို့ခေါက်ဆွဲတို့တွင်လည်း နံနံပင်ကို အသုံးပြုကြပါသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင်ရှားပါးကာ ဈေးကြီးပေးဝယ်ရပါသည်။ ရေမဝပ်သောနုံးမြေသည် နံနံစိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်ပါသည်။ ရွှံ့စေးဆန်သောမြေနှင့်သဲမြေများ၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာတို့ကိုထည့်၍ သင့်တော်သည့် မြေအနေအထားရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးနှင့် ပန်းခြံဈေးရှိ ကုန်စိမ်း သီးနှံဈေးကွက်တွင် စားသုံးသူတို့၏ အခြေခံစားကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံမုန်လာဥ (ဖြူ)များ လည်း နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးရာမှ မုန်လာဥ(ဖြူ)စိုက်ပျိုးမှုကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ မြစ်ခြေ၊ ကမ္မမြို့နယ်များ၌ ပခုက္ကူကျွန်း ကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများတွင် အများဆုံးစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် စိုက်ပျိုးရေးထွက်သီးနှံများအပြင် ဒေသထွက် ကုန်များစွာလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထုတ်ကုန်များစွာအနက်မှ မြေပဲဆီသန့်ထုတ်လုပ် ရောင်းချမှုကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသအနှံ့အပြားသို့ရောင်းဝယ်ဖောက်ကားလျက်ရှိရာ ယခု အချိန်တွင်စားသုံးသူများမှ မြေပဲဆီသုံးစွဲမှုများပြီး ပြည်တွင်းပဲဆီလိုအပ်ချက်များ မြင့်မားနေသော ကြောင့် ဆီစက်များ အားလုံးနီးပါးလည်ပတ်လျက်ရှိရာ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းမှထွက်ရှိသော မြေပဲ ဖတ်များလည်း ဈေးကွက်တွင်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပဲဈေးကွက်၌ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ဒေသတွင်းစိုက်ခင်းများမှ ကုလားပဲသီးနှံများ စတင် ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ(အသစ်)များ စတင်ဝင်ရောက်ပြီး ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများအပြင် မန္တလေး
