ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Feb 2025

          ထိုင်းနိုင်ငံအနေဖြင့် တောင်အာဖရိကနိုင်ငံသို့ တန်ဖိုးအားဖြင့် ဘတ်ငွေ ၅.၂၅ ဘီလီယံ (ဒေါ်လာ ၁၅၆ သန်း) ရှိသော ဆန်တန်ချိန် ၃၀၀၀၀၀ ကို တင်ပို့ရန်အတွက် ရှေ့လာမည့်လအတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

24 Feb 2025

          အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဇီဝဒီဇယ်ဆီတွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်ရောစပ် ၍ အသုံးပြုရေးကို အကောင်အထည်ဖော်ဆောင်နိုင်မည့် အခြေအနေနှင့် လေယာဉ်ဆီ၌ စားအုန်း ဆီ ၃ ရာခိုင်နှုန်း ရောစပ်သုံးစွဲနိုင်မည့် အလားအလာတို့ကို လေ့လာဆန်းစစ်လျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Eniya Listiani Dewi က ဖေဖော်ဝါရီ ၁ ရက်နေ့၌ လွှတ်တော်အမတ်များသို့ ရှင်းလင်းပြောဆိုခဲ့သည်။

24 Feb 2025

          မလေးရှား၊ အင်ဒိုနီးရှား၊ ဟွန်ဒူးရပ်စ် နှင့် ပါပူဝါနယူးဂီနီနိုင်ငံတို့၌ ၂၀၂၅ ခုနှစ် စားအုန်းဆီ ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အသင့်အတင့်တိုးတက်လာမည်ဟု စားအုန်းဆီ ထုတ်လုပ်သောနိုင်ငံများကောင်စီ (CPOPC) က ခန့်မှန်းထားကြောင်း The Star သတင်းဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖော်ပြထားသည်။

24 Feb 2025

          ဖိလစ်ပိုင်နိုင်ငံသည် စားနပ်ရိက္ခာထောက်ပံ့ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန် တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံမှုကို ပံ့ပိုးပေးနိုင်ရန်အတွက် ဆန်နှင့် အခြားလယ်ယာထွက်ကုန်များအား တိုးမြှင့် တင်ပို့ရန် ပြင်ဆင်ထားသည်ဟု ဖိလစ်ပိုင် သမ္မတ Ferdinand Marcos အား အာမခံ ပြောကြား ခဲ့ပါသည်။

24 Feb 2025

            မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ အိမ်သုံးဆေးဆိုင်များတွင် စားသုံးသူပြည်သူများအတွက် လိုအပ်လျက်ရှိသော အိမ်သုံးဆေးပစ္စည်းများကို ရောင်းချပေးလျက် ရှိပါသည်။

Pages