ကုန်သွယ်မှုသတင်းများ
ဂျပန်နိုင်ငံ၌ အစိုးရသည် အရေးပေါ်အခြေအနေများအတွက် သိမ်းဆည်းထားသော ဆန် များအနက်မှ တန်ချိန် ၂၁၀၀၀၀ ခန့်ကို ဈေးကွက်အတွင်းသို့ ထုတ်ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Taku Eto က ၁၄-၂-၂၀၂၅ ရက်နေ့တွင် ထုတ်ဖော် ကြေညာခဲ့သည်။ ဆန်ဈေးကွက်တည်ငြိမ်မှုအပေါ် မူတည်၍ ကျန်ရှိနေသေးသော အရန်ဆန်များ ကို မည်သည့်အချိန်တွင် မည်မျှထပ်မံထုတ်ပေးမည်ကို နောက်ပိုင်း၌ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။
တန်ဇန်နီးယားနိုင်ငံအနေဖြင့် အိန္ဒိယ၏ ပဲတီစိမ်းတင်သွင်းမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ထားမှုအား ဖယ်ရှားပေးရန်နှင့် လက်ရှိကာလ၌ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော ပဲစင်းငုံ အကောက်ခွန်လွတ်တင်သွင်းခွင့် သဘောတူညီချက်ကို သက်တမ်းတိုးမြှင့်ပေးရန် မျှော်လင့်လျက် ရှိကြောင်း သိရှိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန် ပစ္စည်းဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၈၀၀၀၀မှ၉၂၀၀၀)ကျပ်၊ ငါးပုတ်သင် ခြောက်(၁)ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၈၄၀၀၀)ကျပ်၊ မြီးဆံ သွယ်ခြောက်အငံ(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ မြီးဆံသွယ်ခြေ
