ကုန်သွယ်မှုသတင်းများ
အညာဒေသတွင်ညောင်ချဉ်ရွက်၊ညောင်ချိုရွက်များစတင်ထွက်ပေါ်လျက်ရှိပါသည်။ဈေးကွက် ဝယ်လိုအားရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်သော ညောင်ချဉ်ရွက် ၊ ညောင်ချိုရွက် များကိုခူး၍ ရေနွေးဖျောကာ အပုံလေးများပုံ၍ ရောင်းချကြသလို ပိဿာဖြင့်လည်း ရောင်းချကြကြောင်း ၊ ဖေဖော်ဝါရီလ ဒုတိယပတ် မှ စတင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၊ ညောင်ချဉ်ရွက် ၊ ညောင်ချို ရွက်ရောင်းချသူများ နေ့စားအလုပ်သမားများမှ ခူးဆွတ်၍ ရောင်းချခြင်းဖြစ်ကြောင်း ၊ ညောင်ချဉ် ရွက်၊ညောင်ချိုရွက် အနေတော်(၁)ပုံလျှင်(၅၀၀-၁၀၀၀)ကျပ်အထိ ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ခရိုင်အတွင်း ငရုတ်(ဆောင်း)စိုက်ဧက (၅၀၇၄)ဧက ၊ရိတ်ဧက(၆၂၁)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။စိုက်ပျိုးမှုအနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် (၁၅)သိန်း ကျပ်ခန့်ကုန်ကျကြောင်း၊ငရုတ်ကို ပျိုးထောင်၍ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်ပ

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းပြီး စပါး၊ပဲ၊ ပြောင်း သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ပဲယဉ်းသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်(၅၁၈)ဧကစိုက်ပျိုးထားရှိကြောင်း၊ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများ

ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြေူရေးကိုအဓိကထားလုပ်ကိုင် ကြသော်လည်း ကျေးလက်နေတောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံဖြစ်သော သရက်သီးနှံကိုလည်း ယာမြေ နှင့် ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုး လျှက်ရှိပါသည်။သရက်စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သောမျိုးများ ကိုသာရွေးချယ်စိုက်ပျိုးလျှက်ရှိပြီး တောင်သူအများစုသည် စိန်တလုံးသရက်၊ရွှေဟင်္သာနှင့်ပတ္တမြား ငမောက်သရက်မျိုးများကို အဓိကထာ

ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံကိုလည်း ရာသီအလိုက်စိုက်ပျိုးကြကြောင်းသိရသည်။ဇီးပင်စိုက်ပျိုးရာတွင် နှစ်စဉ် ဇွန်လတွင်စတင်စိုက်ပျိုးကြပြီးစိုက်ပျိုးပြီး(၃)နှစ်ခန့်အကြာတွင်ဇီးသီးများကိုစတင်ခူးဆွတ်ရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ထွန်ယက်ခ၊လုပ်သားခအပါ စုစုပေါင်း(၂၅-၃၀)သိန်း ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ထိုင်ဝမ်ဇီးသီးများ နိုဝင်ဘာလတွင် စတင်ထွက်ပေါ်ပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလမျာ
