ကုန်သွယ်မှုသတင်းများ
ယခုလိုဆောင်းရာသီတွင် ကျေးလက်ဒေသများရှိ ကျေးရွာသူကျေးရွာသားများသည် နံနက် ပိုင်းတွင် အနွေးဓာတ်ရရန်နှင့် ကိုယ့်မိသားစု၏ တစ်နေ့တာဝမ်းစာအတွက် ထမင်းဟင်းများကို ထင်း မီးများဖြင့် ချက်ပြုတ်ကြပြီး မီးခဲများကောင်းလာချိန်၌ ငါးခြောက်များကို မီးကင်/ မီးဖုတ်၍ ဆီဆမ်းပြီး ထမင်းပူပူနှင့် နံနက်အဆာပြေ စားသောက်ကြသည်မှာ မိရိုးဖလာစားသောက်မှု ပုံစံတစ်ခုလိုပင်ဖြစ်ပါသည်။ ထမင်းပူပူ ငါးခြောက်အချိုခြောက်ကို ပဲဆီဆမ်း၍ ရေနွေးကြမ်းဖြင့် စားသောက် ရသည်မှာ လွန်စွာမှ အရသာရှိလှပါသည်။ နေ့လည်စာအတွက်လည်း ရာသီပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို အများဆုံးစိုက်ပျိုးထားပြီး မိုးမြေပဲသီးနှံစိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်ပြီး ကုန်းတန်း၊ သဲဆန်သော မြေပြန့်လွင်ပြင်များ၊ ညီညာမှုမရှိသောလွင်ပြင်များ၊ ကျောက်ကုန်း၊ကျောက်ကမူများ၊ ညီညာပြန့်ပြူးမှု မရှိသော ကုန်းမြင့်ချိုင့်ဝှမ်းများ ပေါများသည့်အတွက် စပါးစိုက်ပျိုးမှုနည်းပါး သော မိုးနည်းရပ်ဝန်း ဒေသတစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ဆည်မြောင်းများအသင့်အတင့် ရှိသဖြင့် ယာမြေများတွင် ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်း၊ နှမ်း၊ မြေပဲနှင့် လယ်မြေများတွင် ဒေသတွင်း ဝမ်းစာ မနောသုခစပါးများကို စိုက်

မုန့်အစားအစာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဗယာကြော်လုံး ခေါ် ကုလားပဲလုံးကြော် သည် ကြွပ်ကြွပ်ရွရွနှင့် ခပ်ဆိမ့်ဆိမ့်အရသာရှိပြီး မုန့်ပဲသရေစာအဖြစ် စားသုံးသည်လည်းရှိသကဲ့သို့ ထမင်းဆီဆမ်းနှင့်တွဲဖက်၍ စားသုံးကြသည်လည်းရှိပါသည်။

မြင်းခြံမြို့မှာ ရောင်းချလျက်ရှိသော မုန့်တီ၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲတွေမှာ မပါမဖြစ် နေရာယူထားသည့် အရသာ ဆိမ့်ဆိမ့် ကြွပ်ကြွပ်ရွရွ ပါဝင်ပစ္စည်းတစ်မျိုးမှာ မုန့်ကြွပ်ကြော်ဖြစ်သည်။ မုန့်ကြွပ်ကြော်ကို နံနက်ခင်း နှင့်ညနေခင်းတို့တွင်ရောင်းချသည့် မြင်းခြံမြို့ရှိ မုန့်တီ၊မုန့်ဟင်းခါး၊ ခေါက်ဆွဲဆိုင်များမှ အများအပြား လာရောက်ဝယ်ယူကြကြောင်း သိရှိရသည်။
