ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဆန်ကိုအဓိကထားစားသုံးကြ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် စပါးကို အဓိကစိုက်ပျိုးကြသည်။မြန်မာနိုင်ငံ အနှံ့အပြားတွင် စပါးကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး ရေရရှိမှုအပေါ်မူတည်၍စိုက်ပျိုးချိန်နှင့်စိုက်ပျိုးရာသီများ ကွဲပြားခြားနားကြသည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင်ခရိုင်/မြို့နယ်အလိုက် စပါးစိုက်ပျိုးရာ ရွှေဘိုခရိုင်၏ စပါးအဓိက စိုက်ပျိုးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး

ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း မန္တလေးစျေးကွက်သို့ ပဲကြီးသီးနှံအစိုများ အများအပြား ဝင်ရောက်လျှက်ရှိပြီး၊ပဲကြီးသီးနှံ(အစို/အခြောက်)မှာအရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရ ပါတယ်။ ပဲကြီးသီးနှံ(အစို)စျေးကွက်အနေဖြင့် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ပေါက်စျေးနှင့်ဇန်နဝါရီလနောက်ဆုံးပတ်ပေါက်စျေးတို့ နှိုင်းယှဉ်ပါက စျေးအနည်းငယ်ကျဆင်းသွား ကြောင်း သိရပါတယ်။ ပဲကြီးသီးနှံ(အစိုနှင့်အခြောက်)မှာ ပြည်တွင်းစားသုံးမှုများပြားသကဲ့သို့ ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သခွားသီးနှံများကို ချောင်းဦး၊ သပြေတော၊ သပြေပင်၊ ဇီးတောဒေသများမှ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ သခွားသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ သွေးတွင်းသကြားဓာတ် ကိုကျစေခြင်း၊ ရေဓာတ်ပါဝင်မှုများသည့်အတွက် ဝမ်းအမာ၊ ဝမ်းချုပ် မဖြစ်အောင်အကူအညီဖြစ်စေ ပါသည်။

ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအုပ်စု၊ သားကျင်ရွာတွင် ဂျုံသီးနှံမှရရှိသော ဂျုံရိုးများဖြင့် ဦးထုပ်ယက်လုပ်သည့်လုပ်ငန်းသည် မိရိုးဖလာ သားစဉ်မြေးဆက်လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဂျုံသီးနှံမှာ ဆောင်းသီးနှံဖြစ်ပြီး တန်ခူး၊ ကဆုန်လများတွင် ရိတ်သိမ်းလေ့ ရှိကာ သီးနှံပေါ်ချိန်တွင် ဂျုံရိုးများကို ကုန်ကြမ်းအဖြစ်အသုံးပြုရန် ဝယ်ယူစုဆောင်းလေ့ရှိကြသည်။ ဂျုံရိုးအတို၊အရှည်၊အတုတ်၊အသေးပေါ်မူတည်၍ ဝယ်ယူရသည့် ဈေးနှုန်းလည်း ကွဲပြားမှုရှိကြောင်း သိရသည်။ တောင်သူလုပ်ငန်း

ယခုလိုဆောင်းရာသီတွင် ကျေးလက်ဒေသများရှိ ကျေးရွာသူကျေးရွာသားများသည် နံနက် ပိုင်းတွင် အနွေးဓာတ်ရရန်နှင့် ကိုယ့်မိသားစု၏ တစ်နေ့တာဝမ်းစာအတွက် ထမင်းဟင်းများကို ထင်း မီးများဖြင့် ချက်ပြုတ်ကြပြီး မီးခဲများကောင်းလာချိန်၌ ငါးခြောက်များကို မီးကင်/ မီးဖုတ်၍ ဆီဆမ်းပြီး ထမင်းပူပူနှင့် နံနက်အဆာပြေ စားသောက်ကြသည်မှာ မိရိုးဖလာစားသောက်မှု ပုံစံတစ်ခုလိုပင်ဖြစ်ပါသည်။ ထမင်းပူပူ ငါးခြောက်အချိုခြောက်ကို ပဲဆီဆမ်း၍ ရေနွေးကြမ်းဖြင့် စားသောက် ရသည်မှာ လွန်စွာမှ အရသာရှိလှပါသည်။ နေ့လည်စာအတွက်လည်း ရာသီပ
