ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း ဥယျဉ်ခြံလုပ်ငန်းများကို လုပ်ကိုင် လျက်ရှိပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိူးလျက်ရှိရာ ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင် စီးပွားအနေဖြင့် ငရုတ်သီးစိမ်း(အမှည့်)ကို စိုက်ပျိူးချက်ရှိပါကြောင်းသိရှိရပါသည်။ ငရုတ်သီးစိမ်း (အမှည့်)သည် ဟင်းလျားများ၊ ငပိထောင်း၊ Sause(ဆော့စ်)များ၊ အချို့အစားစာများတွင် အသုံးပြု ပြီး တစ်ပိဿာလျှင် (၂၀၀၀၀-၁၈၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ပြုလုပ်ကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များ၊ကျေးရွာများ၌ ဆောင်းရာသီ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှ စိမ်းစားဥများ ပေါ်ချိန်ဖြစ်၍ စိုက်ပျိုးသူတောင်သူများ အနေဖြင့် တရုတ်နှစ်သစ်ကူးအမှီ ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်းသိရှိရပါသည်။
စိမ်းစားဥ(၁)တွဲလျှင် ၅ လုံးမှ ၆လုံးရှိပြီး အကြီးတစ်တွဲလျှင် ၂၀၀၀ ကျပ် နှင့် အသေးတစ်တွဲ လျှင် ၁၅၀၀ ကျပ်ရှိကြောင်းသိရှိရပြီး ရာသီပေါ်ဖြစ်သောကြောင့် ရောင်းကောင်းလျက်ရှိကြောင်း ဈေး သည်များထံမှသိရပါသည်။

မန်ကျည်းပင်သည် သစ်မာပင်အမျိုးအစားဖြစ်ပြီး အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်လည်း ပိုမိုပေါက်လျက်ရှိသည်။ စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်သည်။ အိမ်ရှင်မတို့၏ မီးဖိုချောင်၌ အမြဲနေရာယူထား သောအသီးဖြစ်ပြီး အစိမ်းပေါ်ချိန်၌ အစိမ်းစားကြသကဲ့သို့ မှည့်သည့်အချိန်တွင်လည်း အစေ့ထုတ် ကာ နှစ်ရှည်ခံအောင် သိမ်းထား၍ရသော အသီးဖြစ်သည်။ ယခုကာလသည် မန်ကျည်းသီးအသစ် ထွက်ရှိနေသည့် ကာလဖြစ်သည့်အတွက် ထားဝယ်ဈေးကွက်၌ မန်ကျည်းသီးအ

တနင်္သာရီတိုင်းဒေသကြီးမှ ဇန်နဝါရီလတတိယပတ်အတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ် ခရိုင်မှ (၃၇၂၉၃၀)ပိဿာ တန်အားဖြင့်(၁၇၀၃.၃၂၆)ရှိပြီး၊ မြိတ်ခရိုင်မှ (၄၇၁၀၀၀)ပိဿာ တန်အား ဖြင့်(၅၆၉.၁၁၈)ရှိပြီး ကော့သောင်းခရိုင်မှ တင်ပို့မှုမရှိသေးကြောင်း သိရပါသည်။ ယခုပတ်အတွင်း ထားဝယ်ခရိုင်တွင် ကွမ်းသီးခွဲခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်ရှိပြီး၊ မြိတ်ခရိုင်တွင် (၈၅၀၀ မှ ၉၀၀၀)ကျပ်ရှိပါသည်။ ကွမ်းသီးအလုံးခြောက်တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်ရှိသဖြင့် တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရှ

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် လျက်ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည် နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
