သကြားပြောင်းနှင့် ကျန်းမာရေး

Powered by Drupal

     အဝါရောင်သကြားပြောင်းချိုချိုလေးကို ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ မာလာရှမ်းကော ထဲတွင်ထည့်ပြီးစားစား၊ ဟော့ပေါ့ထဲတွင်ထည့်၍စားစား၊ ကင်ပဲစားစား အနံ့အရသာနှင့်ပြည့်စုံပြီး အလွန်စားကောင်းပါသည်။ သကြားပြောင်းတွင်ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာပါဝင်သော ကြောင့် အရေပြားပျက်စီးမှုကနေအထိရောက်ဆုံးကာကွယ်ပေးပြီး အရေးအကြောင်းဖြစ်ခြင်း၊ အရွယ် မတိုင် ခင်အိုမင်းရင့်ရော်ခြင်းမှလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။ ပြောင်းဖူးစားပေးခြင်း (သို့မဟုတ်) အဆီဖြင့်အသားအရေကိုလိမ်းကျံနှိပ်နှယ်ပေးခြင်းဖြင့်လည်း အသားအရေကိုကြည်လင် စေပါသည်။ ဗီတာမင်Eကြွယ်ဝစွာပါဝင်သောကြောင့် ပြောင်းဖူးစားသုံးပေးခြင်းဖြင့် ဝက်ခြံအမာရွတ် များကိုအထိရောက်ဆုံးသက်သာပျောက်ကင်းစေနိုင်ပြီး ပြောင်းဖူးကိုခြစ်ပြီးရလာသောအနှစ်ကို ဝက်ခြံ အမာရွတ်များကိုလိမ်းပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါသည်။ ပြောင်းဖူးအဆီသည် သွေးစီးဆင်းမှု ကောင်းစေနိုင်သလို ဆံသားကိုလည်းကျန်းမာသန်စွမ်းစေပြီး  ဦးရေပြားတွင်ဖြစ်တတ်သောအရေပြား ပြဿာနာများမှကင်းဝေးစေပြီး နတ်မှောင်သန်စွမ်းသောဆံသားကိုပိုင်ဆိုင်စေနိုင်ပါသည်။ ဗီတာမင်C ကြွယ်ဝစွာပါဝင်သောကြောင့် ဆံသားကိုအရင်းမှအဖျားအထိနတ်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်း မှလည်းသက်သာစေနိုင်ပါသည်။ သကြားပြောင်းဖူးတွင် ဗီတာမင်B12၊ သံဓာတ်၊ ဖောလစ် အက်ဆစ် တို့ကြွယ်ဝစွာပါဝင်သောကြောင့် ပြောင်းဖူးစားသုံးပေးခြင်းဖြင့် သွေးအားနည်းရောဂါကိုကာကွယ် ပြီးသားဖြစ်စေပါသည်။ ဗီတာမင်A ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံကိုအားကောင်းစေနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံပြဿာနာများမှလည်းကာကွယ်ပေးနိုင်ပါသည်။ သကြား ပြောင်းဖူးသည် ကစီဓာတ်ပါဝင်သောကြောင့် အခြားအသီးအနှံများထက်စွမ်းအင်ပိုမိုရစေနိုင်ပြီး ခန္ဓာ ကိုယ်အင်အားပြည့်ဝစေပါသည်။သကြားပြောင်းဖူးတွင် နေ့စဉ်လိုအပ်သော အမျှင်ဓာတ်များစွာပါဝင် နေသည့်အပြင် ပျော်ဝင်မလွယ်သောအမျှင်ဓာတ်က ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပြီး ဝမ်းမှန်စေနိုင် သလို ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ခြင်းမှလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။ သကြားပြောင်းဖူး တွင် ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေ ဖြင့်စားသုံးပေး သင့်သောအစားအစာတစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်တတ်သော ခြေလက်ဖောရောင်ခြင်းမှ လည်းသက်သာစေနိုင်ပါသည်။ ထို့ကြောင့် အရသာရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးများသော သကြားပြောင်းဖူးချိုချိုလေးကို စားသုံးပေးသင့်ပါသည်။ ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာ ပျံကျဈေးတွင်သကြားပြောင်းဖူးဈေးနှုန်းမှာ အကြီး(၆၀၀)၊အသေး(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် ကြောင်းသိရှိရသည်။ 

DOCA (မန္တလေး)