ကုန်သွယ်မှုသတင်းများ
မြင်းခြံမြို့မှာ ရောင်းချလျက်ရှိသော မုန့်တီ၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲတွေမှာ မပါမဖြစ် နေရာယူထားသည့် အရသာ ဆိမ့်ဆိမ့် ကြွပ်ကြွပ်ရွရွ ပါဝင်ပစ္စည်းတစ်မျိုးမှာ မုန့်ကြွပ်ကြော်ဖြစ်သည်။ မုန့်ကြွပ်ကြော်ကို နံနက်ခင်း နှင့်ညနေခင်းတို့တွင်ရောင်းချသည့် မြင်းခြံမြို့ရှိ မုန့်တီ၊မုန့်ဟင်းခါး၊ ခေါက်ဆွဲဆိုင်များမှ အများအပြား လာရောက်ဝယ်ယူကြကြောင်း သိရှိရသည်။

ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးပေးခြင်းအားဖြင့် ကျန်းမာရေးကောင်းစေနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ(ခေါ်)ပန်းမုန်လာ အပါအဝင် ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါက အဝလွန်တာ၊ ဆီးချို၊ နှလုံးရောဂါအပါအဝင် နာတာရှည် ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီမှာ အမျှင်ဓာတ်နဲ့ရေဓာတ်ပါဝင်မှု များတဲ့အတွက် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားစေနိုင်ပြီး ဝမ်းမှန်စေတာကြောင့် အစာအိမ်၊ အူလမ်းကြောင်းပြဿနာတွေနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်တွင် စားဖိုဆောင်သီးနှံ (မိုး)ကြက်သွန်နီ ကို မလှိုင် မြို့နယ်တွင် (၇၆၇)ဧက ၊ ဝမ်းတွင်းမြို့နယ်တွင် (၂၁၂၀)ဧက စုစုပေါင်း (၂၈၈၇)ဧက စိုက်ပျိုးထား ကြောင်း စိုက်ပျိုးရေးစာရင်းများအရ သိရပါသည်။

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်သည် ဝါသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ် ပြီး ယခုနှစ်တွင် မိတ္ထီလာမြို့နယ်တွင် (၇၁၈၀)ဧက၊ မလှိုင်မြို့နယ်တွင် (၈၉၈၁)ဧက၊ သာစည်မြို့ နယ်တွင် (၉၉၉၅)ဧက၊ ဝမ်းတွင်းမြို့နယ်တွင် (၁၃၁၅၆)ဧက၊ စုစုပေါင်း (၃၉၃၁၂)ဧက စိုက်ပျိုးခဲ့ ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံသီးနှံ မြို့နယ်အလိုက် စိုက်ပျိုးကြပြီး ပြည်ပ ပို့ကုန်တစ်မျိုးဖြစ်သည့် ပဲစိမ်းငုံ သီးနှံကို သီးသန့်စိုက်ပျိုးခြင်း၊ နှမ်းသီးနှံနှင့်လည်း သီးညှပ် အဖြစ် ရွှေဒင်္ဂါး မျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။
