ကုန်သွယ်မှုသတင်းများ
ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအုပ်စု၊ သားကျင်ရွာတွင် ဂျုံသီးနှံမှရရှိသော ဂျုံရိုးများဖြင့် ဦးထုပ်ယက်လုပ်သည့်လုပ်ငန်းသည် မိရိုးဖလာ သားစဉ်မြေးဆက်လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဂျုံသီးနှံမှာ ဆောင်းသီးနှံဖြစ်ပြီး တန်ခူး၊ ကဆုန်လများတွင် ရိတ်သိမ်းလေ့ ရှိကာ သီးနှံပေါ်ချိန်တွင် ဂျုံရိုးများကို ကုန်ကြမ်းအဖြစ်အသုံးပြုရန် ဝယ်ယူစုဆောင်းလေ့ရှိကြသည်။ ဂျုံရိုးအတို၊အရှည်၊အတုတ်၊အသေးပေါ်မူတည်၍ ဝယ်ယူရသည့် ဈေးနှုန်းလည်း ကွဲပြားမှုရှိကြောင်း သိရသည်။ တောင်သူလုပ်ငန်း

ယခုလိုဆောင်းရာသီတွင် ကျေးလက်ဒေသများရှိ ကျေးရွာသူကျေးရွာသားများသည် နံနက် ပိုင်းတွင် အနွေးဓာတ်ရရန်နှင့် ကိုယ့်မိသားစု၏ တစ်နေ့တာဝမ်းစာအတွက် ထမင်းဟင်းများကို ထင်း မီးများဖြင့် ချက်ပြုတ်ကြပြီး မီးခဲများကောင်းလာချိန်၌ ငါးခြောက်များကို မီးကင်/ မီးဖုတ်၍ ဆီဆမ်းပြီး ထမင်းပူပူနှင့် နံနက်အဆာပြေ စားသောက်ကြသည်မှာ မိရိုးဖလာစားသောက်မှု ပုံစံတစ်ခုလိုပင်ဖြစ်ပါသည်။ ထမင်းပူပူ ငါးခြောက်အချိုခြောက်ကို ပဲဆီဆမ်း၍ ရေနွေးကြမ်းဖြင့် စားသောက် ရသည်မှာ လွန်စွာမှ အရသာရှိလှပါသည်။ နေ့လည်စာအတွက်လည်း ရာသီပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို အများဆုံးစိုက်ပျိုးထားပြီး မိုးမြေပဲသီးနှံစိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်ပြီး ကုန်းတန်း၊ သဲဆန်သော မြေပြန့်လွင်ပြင်များ၊ ညီညာမှုမရှိသောလွင်ပြင်များ၊ ကျောက်ကုန်း၊ကျောက်ကမူများ၊ ညီညာပြန့်ပြူးမှု မရှိသော ကုန်းမြင့်ချိုင့်ဝှမ်းများ ပေါများသည့်အတွက် စပါးစိုက်ပျိုးမှုနည်းပါး သော မိုးနည်းရပ်ဝန်း ဒေသတစ်ခုဖြစ်ပါသည်။ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ဆည်မြောင်းများအသင့်အတင့် ရှိသဖြင့် ယာမြေများတွင် ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်း၊ နှမ်း၊ မြေပဲနှင့် လယ်မြေများတွင် ဒေသတွင်း ဝမ်းစာ မနောသုခစပါးများကို စိုက်

မုန့်အစားအစာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဗယာကြော်လုံး ခေါ် ကုလားပဲလုံးကြော် သည် ကြွပ်ကြွပ်ရွရွနှင့် ခပ်ဆိမ့်ဆိမ့်အရသာရှိပြီး မုန့်ပဲသရေစာအဖြစ် စားသုံးသည်လည်းရှိသကဲ့သို့ ထမင်းဆီဆမ်းနှင့်တွဲဖက်၍ စားသုံးကြသည်လည်းရှိပါသည်။
