သရက်မြို့၌ ငှက်ပျော်သီးများ အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မစည်ပင်ဈေးနှင့် အခွန်လွတ်ဈေးတို့တွင် ရောင်းချလျက်ရှိသော ငှက်ပျော်သီးများကို မင်းတုန်းမြို့နယ် အတွင်းရှိ အလယ်ချောင်းကျေးရွာ၊ မြို့ဟောင်းကျေးရွာ တို့မှလည်းကောင်း၊ သရက်မြို့နယ်အတွင်းရှိ တလုပ်ပင်ကျေးရွာ၊ ဘောကျေးရွာ တို့မှ လည်းကောင်း၊ သရက်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ နယ်အတွင်းရှိ ကျေးရွာဖြစ်သော လဲ ရွာမှလည်းကောင်း မှာယူရောင်းချကြောင်း သိရသည်။

   ရောင်းချလျက်ရှိသော ငှက်ပျောသီးများမှာ ဖီးကြမ်းငှက်ပျောသီးနှင့် ရခိုင်ငှက်ပျောသီးမျိုး တို့ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာ(ဒုတိယပတ်)တွင် ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် အကြီးအသေး အလိုက် ကျပ် (၃၀၀၀ မှ ၄၀၀၀)၊ ရခိုင်ငှက်ပျော တစ်ဖီးလျှင် အကြီးအသေးအလိုက် ကျပ် (၂၅၀၀ မှ ၃၀၀၀)ဈေးနှုန်း ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင် အောက်တိုဘာလ(ပထမပတ်)နှင့် ဈေးနှုန်း နှိုူင်းယှဉ်ပါက ပြောင်းလဲမှုူမရှိကြောင်း၊ ယခု ဝါကျွတ်ကာလအခါသမရ ဖြစ်သည့်အတွက် ရိုးရာနတ် ပူဇော်ပွဲများ၊ ဆရာမိဘများအား ကျေးဇူးဆပ်ကန်တော့ခြင်းများနှင့် အလှူအတန်းများပြုလုပ်ခြင်း ရှိ၍ နေ့စဉ် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင် ပိုင်ရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)