ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၅)ရပ်ကွက်တွင် ခရမ်းသီး ပင်များစိုက်ပျိုးကာ မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူ ဦးကျော်ဦး၏ ပြောပြချက်အရသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

နေပြည်တော်တပ်ကုန်းမြို့နယ်မှ ထားဝယ်မြို့ကမ်းနားစျေးသို့ တရုတ်နှစ်သစ်ကူးနေ့အမှီ (၁၀)ဘီးကားများဖြင့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များ အများအပြားဝင်ရောက်လျက်ရှိပြီး ထားဝယ်မြို့ ကုန်စိမ်း ဒိုင်များမှ ပန်းဂေါ်ဖီတစ်ဖူးလျှင် ၂၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ကားအစီးပြတ် ဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံ၏မော်တော်ကားကုမ္ပဏီ Geely Auto မှ Geely EX5 မော်ဒယ်ကို အင်ဒိုနီးရှားစျေးကွက်အတွက် ၎င်း၏ပထမဆုံးမော်ဒယ်အဖြစ် ဇန်နဝါရီ ၂၃ ရက်နေ့ကမိတ်ဆက် ခဲ့သည်။ အင်ဒိုနီးရှားသည်စမတ်ကျပြီး ရေရှည်တည်တံ့သော ရွှေ့လျှားသွားလာမှုအတွက် ဗဟိုချက်ဖြစ်လာရန် အလားအလာကောင်းများရှိကြောင်း အခိုင်အမာယုံကြည်ထားပြီး Geely သည်နည်းပညာရေရှည်တည်တံ့မှုနှင့်ထူးခြားသောမောင်းနှင်မှု အတွေ့အကြုံကိုဦးစားပေးသည့် ရွှေ့လျားသွားလာမှုဆိုင်ရာဖြေရှင်းချက်

ထိုင်းနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးရန်စီစဉ်ထားကြောင်း ဝန်ကြီးချုပ် Paetongtarn Shinawatra က ဇန်နဝါရီလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်သည် ထိုမှတ်ချက် ကိုဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၅ ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF)တက်ရောက်ပြီး ပြန်လည် ရောက်ရှိချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Ms Paetongtarn သည် ဇန်နဝါရီလ ၂၃ ရက်နေ့၌ WEF တွင်သီးခြားအနေဖြင့် ထိုင်းနိုင်ငံနှင့် ဥရေ
