
Vietnam Prosperity Bank မှ ပိုင်ဆိုင်သော စတော့ပွဲစားကုမ္ပဏီ VPBank Securities သည် ယခုလနောင်းပိုင်းတွင် ကနဦးအများပြည်သူကမ်းလှမ်းမှုတစ်ခု၌ အမေရိကန်ဒေါ်လာ ၄၈၁ သန်းခန့် မြှင့်တင်ရန် ရည်မှန်းထားကြောင်း အဆိုပါဘဏ်က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ VPBank Securities သည် IPO တွင် ရှယ်ယာပေါင်း ၃၇၅ သန်းခန့် ၂၅ ရာခိုင်နှုန်းအား ပေးဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ကမ်းလှမ်းမှု ကို ရှယ်ယာ တန်ဖိုးတစ်ခုလျှင် ဒေါင် ၃၃၉၀၀ နှင့်အတူ အောက်တိုဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။ ရှယ်ယာအစု အဝေးတစ်ခု၊ စည်းမျဥ်း အပြောင်းအလဲများနှင့် ကမ္ဘာလုံးဆိုင်ရာ ရည်ညွှန်းကိန်းပံ့ပိုးသူများမှ ရင်းနှီး မြှုပ်နှံမှု အခြေအနေ အဆင့် မြှင့်တက်မှု အလားအလာအပေါ် စိတ်ဝင်စားမှုများ မြင့်တက်ခြင်းကြောင့် ဗီယက်နမ်ရှိ IPO တွင် ရှယ်ယာကမ်းလှမ်းချက်များ များပြားလျက်ရှိ ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး လုံခြုုံရေး ကုမ္ပဏီဖြစ်သည့် VPS Securities သည် IPO တွင် အမေရိန်ကန်ဒေါ်လာ ၂၀၂.၃ သန်းခန့်ကမ်းလှမ်းရန် စီမံထားကြောင်း သိရပါ သည်။
Source: CNA
DOCA (ရန်ကုန်)
