ကုန်သွယ်မှုသတင်းများ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာသည် ရန်ကုန်-မော်လမြိုင်သွားသည့် လမ်းဘေးဝဲယာတွင်ရှိသော ကျေးရွာဖြစ်သည်။ အဆိုပါ ကျေးရွာတွင် ကျေးရွာသူ/သားများသည် ဒေသထွက်သီးနှံများကို ကားလမ်းဘေး ထန်းပင်များရှိသော နေရာတွင် ဆိုင်ခင်း၍ ရာသီအလိုက် ပေါ်ထွက်သော သီးနှံများကို ရောင်းချပေးခဲ့ရာ နှစ်ပေါင်းအတော်ကြာခဲ့ပြီး ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းကုလားပဲ(၆၉၁၉)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့်အနက် ပိတ်ချင်းရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ လာရောက် ရောင်းချ ခြင်ဖြစ်ပါသည်။ ပိတ်ချင်းရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ကာ အရွက်တင်မက ပိတ်ချင်းသီးသည်လည်း ဆေးဘက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစု စားဝတ် နေ ရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ရောင်းချလျက်ရှိကြောင်းသိရသည်။
