ကုန်သွယ်မှုသတင်းများ
Powered by Drupal
14 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာအတွင်း ဖွင့်လှစ်ထားသော နန္ဒဝန်ဈေးသစ်တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ရောင်းချနေသော မျှစ်ဈေးနှုန်းများ အနေဖြင့် မျှစ်ချဉ် ( ၁၀ )ကျပ်သားပါ အထုပ်သေး ( ၁ )ထုပ်လျှင် ( ၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ မျှစ်စိမ်း ( ၁၅) ကျပ်သားလျှင် ( ၁၃၀၀ )ကျပ်ဖြင့်လည်းကောင်း၊ ဈေးနှုန်းအသီးသီးဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)

14 Jul 2025
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက် နှင့် ဆူးပုတ်ရွက်တို့ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ လာရောက်ရောင်းချခြင်းဖြစ်ပါသည်။
