ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jul 2025
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ပုဇွန်ခြောက် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပုဇွန်ခြောက်ဟာဆိုရင် ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ရရှိသည့် ရေချိုပုဇွန် ခြောက်ဖြစ်ပြီး အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး လက်ဆောင်ပေးရာတွင်လည်း အမြင်လှသည့်အတွက် အရောင်းသွက်ကာ ဈေးကောင်းရရှိလျက် ရှိပါသည်။
14 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ စကားဖြူ/ဝါပန်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အရွက်ပုံစံမှာဘဲစဥပုံနှင့် စကားဖြူ/ဝါပန်းပင်သည် မြန်မာ ပြည်အနှံအပြား စိုက်ပျိုးနိုင်သည်။ စကားဖြူ/ဝါပန်းပင်သည် ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ် သက်သည့် အပင်ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုးနိုင်ပြီး ရေဝပ်ဒဏ် မခံနိုင်ပါကြောင်း သိရသည်။
14 Jul 2025
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
14 Jul 2025
ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

Pages