ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ဈေးများတွင် ပိန်းဥများစတင်ထွက်ပေါ်နေကြသည်ကို တွေ့ရသည်။ ပိန်းဥသည် ပိန်းပင်၏ (ဥ)ဖြစ်ပြီး မြေကြီးထဲက တူးယူရသော သဘာဝဆေးဖက်ဝင် ဥတစ်မျိုးဖြစ်ပြီး ယခုဆောင်းရာသီတွင် ထွက်ရှိသော ရာသီစာ အစားအစာတစ်မျိုးဖြစ်သည်။ ပိန်းဥကို ပြုတ်၍စားကြသလိုဟင်းချက်၍လည်း စားသုံးကြလေ့ ရှိသည်။ ပိန်းဥကို စားသုံးပေးခြင်းဖြင့် အမျှင်ဓါတ်ကြ

ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းရွာရှိ တောင်သူ ဒေါ်စန်းစန်းအေး၏ မာလကာသီးစိုက်ပျိုး ခြင်းကို (၁၅.၉.၂၀၂၅)နေ့၊ နံနက်(၁၀:၃၀)နာရီတွင် သွားရောက်လေ့လာခဲ့ပါသည်။ မာလကာပင် တစ်ပင်နှင့်တစ်ပင်ကို (၈)ပေခြားစိုက်ပျိုးပြီး စိုက်သည့်အခါ မြေကျင်းတစ်ပေခွဲပတ်လည်အနက် နှစ်ပေတူးပြီး မြေအရင်းနက်ပါက ပိုကောင်း မွန်ပါသည်။ မြေကျင်းကို ပိုးသတ်ထားပြီးမှ

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဝန်ကျေးရွာရှိ တောင်သူ ဦးစိုးမြင့်လေး၏ ပဲစောင်းခါးသီးခြံသို့ (၁၂.၉.၂၀၂၅)ရက်နေ့၊ နံနက် (၁၀: ၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ ပဲစောင်းခါးသီးမျိုးများကို မေလတွင် ရေလောင်း၍စတင်စိုက်ပျိုးပြီး (၃)လခွဲ ဩဂုတ်လလယ်တွင် အသီးစတင်ခူးဆွတ် ရောင်းချရပါသည်။ စိုက်ဧက (၂)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မဈေးတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ငါးကြင်း၊ ငါးမြင်း၊ ငါးခူ၊ ငါးရံ့၊ ပုစွန်နှင့် အခြားအသားငါးမျိုးစုံရောင်းချလျက်ရှိရာ ယခု စက်တင်ဘာလ(ဒုတိယအပတ်)၌ အသားငါးများဈေးနှုန်းများမှာ ယခင်လထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်သည် ဆီထွက်သီးနှံမိုးနှမ်းကိုလည်း စိုက်ပျိုးဖြစ်ထွန်းရာ ဩဂုတ် လကုန်အတွင်း အပြီးသတ်ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ မိုးနှမ်းကို မေ၊ ဇွန်လများတွင် စိုက်ပျိုးခဲ့ပြီး ဇူလိုင်၊ ဩဂုတ်လများတွင်ရိတ်သိမ်းရာ ယခုအခါရာသီကုန်ရိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်။ တစ်ဧကကုန်ကျစရိတ်အနေနှင့်
