
ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းရွာရှိ တောင်သူ ဒေါ်စန်းစန်းအေး၏ မာလကာသီးစိုက်ပျိုး ခြင်းကို (၁၅.၉.၂၀၂၅)နေ့၊ နံနက်(၁၀:၃၀)နာရီတွင် သွားရောက်လေ့လာခဲ့ပါသည်။ မာလကာပင် တစ်ပင်နှင့်တစ်ပင်ကို (၈)ပေခြားစိုက်ပျိုးပြီး စိုက်သည့်အခါ မြေကျင်းတစ်ပေခွဲပတ်လည်အနက် နှစ်ပေတူးပြီး မြေအရင်းနက်ပါက ပိုကောင်း မွန်ပါသည်။ မြေကျင်းကို ပိုးသတ်ထားပြီးမှ အပင်ကို စိုက်ပျိုးရန် စိုက်သည့်အခါ မြေလုံးကို မကွာစေရန် အသာအယာ ခွဲစိုက်ပါက အောက်ခြေကို ဓါးနှင့်ဖြတ်ပြီး အထုတ်အတိုင်းထည့်ပါ။ မြေကျပ်အောင်လုပ်ပြီးမှ ပလပ်စတစ်ကို အသာ အယာဆွဲထုတ်ရပါသည်။ အမြစ်စွဲစေရန် အပင်အား နို့ဆီဗူး(၂)ခွက် အားဆေးလောင်းပေးရပါသည်။ မာလကာပင်မှ လောက်စလုံးလောက် အသီးများထွက်လာမှ အထုတ် ထုတ်ရပါသည်။(၃)လကြာလျှင် မာလကာသီးများစတင်ခူးဆွတ် ရပြီး ဒိုင်များမှ ခြံထဲသို့လာရောက်၍ တစ်လုံးကို (၂၅၀)ကျပ်ပေးဝယ်ပါသည်။ ခြံရှင်များမှ ဈေးများကို ကိုယ်တိုင်သွား ရောက်ပြီး မာလကာသီးအချောကို တစ်လုံး (၃၅၀)ကျပ်ဖြင့်ရောင်းချပါသည်။ မာလကာသီးအပင်တစ်ပင်ကို (၅၀၀)ကျပ်ဖြင့်ပေးဝယ်ရပြီး အပင်(၁၀၀)စိုက်ပျိုးထားကြောင်းသိရသည်။ မာလကာသီးတစ်ခါခူးလျှင် တစ်ရက်လျှင် အလုံး(၃၀၀)ရရှိကြောင်း သိရသည်။ ကုန်ကျစရိတ်မှာ (၃)သိန်းရှိပြီး နှစ်ရှည်သီးနှံဖြစ်သောကြောင့် အကျိုးအမြတ် များများရရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)