ညောင်တုန်းမြို့နယ်ထွက် ဒေသထုတ်ကုန်များ ဩဂုတ်လအတွင်း ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချလျက်ရှိ

Powered by Drupal

        ညောင်တုန်းမြို့နယ်အတွင်း ထုတ်လုပ်ရောင်းချလျက်ရှိသည့် နွားနို့၊ ဒိန်ချဉ်၊ ဇီးတော်ဖီ၊ ကြာဆံနှင့် ငါးအစာတောင့်စသည့် ဒေသထုတ်ကုန်များ၏ ဩဂုတ်လအတွင်း ဈေးကွက်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစုံစမ်းခဲ့ရာ ထုတ်ကုန်အမျိုးအစားအလိုက် ပုံမှန်ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ် ပေါ်လျက်ရှိကြောင်း သိရသည်။

         ငါးအစာတောင့်ဈေးနှုန်းများအနေဖြင့် ငါးကလေးစာအမှုန့် တစ်ပိဿာလျှင် ၉,၆၉၅ ကျပ်၊ ငါးကလေးစာ 1.8 mm တစ်ပိဿာလျှင် ၈,၉၅၅ ကျပ်၊ ငါးကြီးစာ 3.5 mm တစ်ပိဿာလျှင် ၃,၇၅၅ ကျပ်၊ 5 mm တစ်ပိဿာလျှင် ၃,၅၆၅ ကျပ်နှင့် 8 mm တစ်ပိဿာလျှင် ၃,၂၆၅ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

         နို့နှင့် ဒိန်ချဉ်ထုတ်ကုန်များအနေဖြင့် 500 ml ရိုးရိုးနွားနို့ ၅,၀၀၀ ကျပ်၊ 500 ml အဆီထုတ်နွားနို့ ၅,၀၀၀ ကျပ်၊ 150 ml သကြားမပါ ထန်းလျက်ဒိန်ချဉ် ၃,၀၀၀ ကျပ်၊ Mango Puree Yogurt နှင့် Strawberry Puree Yogurt တစ်ဗူးလျှင် ၃,၅၀၀ ကျပ်၊ 250 ml သရက်ဒိန်ချဉ်နှင့် စတော်ဘယ်ရီဒိန်ချဉ် တစ်ဗူးလျှင် ၃,၅၀၀ ကျပ်၊ 500 ml ရိုးရိုးဒိန်ချဉ် ၆,၀၀၀ ကျပ်နှင့် အဆီထုတ်ဒိန်ချဉ် ၆,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

       ထို့အပြင် 250 ml ရိုးရိုးဒိန်ချဉ်နှင့် အဆီထုတ်ဒိန်ချဉ်များမှာ တစ်ဗူးလျှင် ၂,၇၀၀ ကျပ်၊ တန်ဖိုး သင့်ဒိန်ချဉ် တစ်ဗူးလျှင် ၂,၅၀၀ ကျပ်၊ ထောပတ်ဆီ 200 g တစ်ဘူးလျှင် ၂၂,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

         Top Dairy Farm ထုတ်ကုန်များအနေဖြင့် Strawberry၊ Mango နှင့် Passion ဒိန်ချဉ် 280 ml တစ်ဗူးလျှင် ၄,၀၀၀ ကျပ်၊ ကျိုချက်ပြီးနို့ 1,080 ml ၈,၀၀၀ ကျပ်၊ 500 ml ၄,၀၀၀ ကျပ်နှင့် 280 ml ၂,၅၀၀ ကျပ်၊ ဒိန်ချဉ် 1,080 ml ၈,၅၀၀ ကျပ်၊ 500 ml ၄,၅၀၀ ကျပ်နှင့် 280 ml ၂,၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

           ကြာဆံနှင့် ဆန်ကြာဆံများအနေဖြင့် KINA Dong Guan 300 g တစ်ထုပ်လျှင် ၂,၀၀၀ ကျပ်၊ Swallow Singapore Rice Vermicelli 400 g ၂,၀၀၀ ကျပ်၊ Swallow Kong Moon Rice Stick 400 g ၂,၀၀၀ ကျပ်နှင့် နှင်းဆီပန်း ဆန်ကြာဆံ 400 g ၁,၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ဒေသထုတ် ဇီးတော်ဖီနှင့် အနှစ်ယိုထုတ်ကုန်များအနေဖြင့် မကျီးနှင့် ဂျင်းမကျီး အနှစ်ယို 360 g တစ်ဗူးလျှင် ၅,၅၀၀ ကျပ်၊ ဇီးတော်ဖီ အရသာ ၆ မျိုးမှာ တစ်ထုပ်လျှင် ၄,၀၀၀ ကျပ်နှင့် တစ်ဗူးလျှင် ၄,၅၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

      အဆိုပါ ဒေသထုတ်ကုန်များသည် ဒေသတွင်းထုတ်လုပ်မှုနှင့် စားသုံးမှုကို အထောက်အကူပြု လျက်ရှိပြီး ထုတ်ကုန်အမျိုးအစား၊ အရွယ်အစားနှင့် ထုပ်ပိုးမှုပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိသော်လည်း ဩဂုတ်လအတွင်း ဈေးကွက်၌ ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ကွင်းဆင်းစုံစမ်းချက်များအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)