ပန်းတနော်မြို့နယ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်ပြောင်းလဲမှုရှိသော်လည်း ဈေးကွက်တည်ငြိမ်လျက်ရှိ

Powered by Drupal

        ပန်းတနော်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို (၁၀-၈-၂၀၂၆) ရက်နေ့တွင် ကွင်းဆင်းစုံစမ်းခဲ့ရာ ဆန်၊ ပဲနှင့် ကုန်ခြောက်များမှာ ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကုန်ပစ္စည်းအချို့တွင် ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း သိရသည်။

         ကွင်းဆင်းစုံစမ်းချက်များအရ ဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၆၅,၀၀၀ ကျပ်၊ ဆင်းသုခဆန် တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်၊ ရက်(၉၀) ဆန် တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်နှင့် GW11 ဆန်ဟောင်း တစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

        ကုန်ခြောက်ဈေးနှုန်းများအနေဖြင့် ဒေသထွက် ငရုတ်ခြောက် တစ်ပိဿာလျှင် ၂၅,၀၀၀ ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် ၄၀,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၆,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်၊ အာလူးအလတ် တစ်ပိဿာလျှင် ၄,၀၀၀ ကျပ်နှင့် ဆားချော တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

      ပဲမျိုးစုံဈေးနှုန်းများမှာ မတ်ပဲ တစ်တင်း (၂၀ ပိဿာ) လျှင် ၁၁၁,၀၀၀ ကျပ်နှင့် ကုလားပဲ တစ်ပိဿာလျှင် ၆,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

         ယခင်လဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီမှာ ယခင်လတွင် တစ်ပိဿာလျှင် ၄,၅၀၀ ကျပ် ရှိရာမှ လက်ရှိတွင် ၆,၅၀၀ ကျပ်သို့ မြင့်တက်လာပြီး မတ်ပဲမှာ တစ်တင်းလျှင် ၁၀၁,၀၀၀ ကျပ်မှ ၁၁၁,၀၀၀ ကျပ်သို့ မြင့်တက်လာသည်။ ကုလားပဲမှာ ယခင်လ တစ်ပိဿာလျှင် ၆,၅၀၀ ကျပ်မှ လက်ရှိ ၆,၀၀၀ ကျပ်သို့ အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။

    လက်ရှိဈေးကွက်အခြေအနေအရ ကြက်သွန်နီနှင့် မတ်ပဲဈေးနှုန်းများတွင် အနည်းငယ်မြင့် တက်မှုရှိသော်လည်း ကျန်အခြေခံစားသောက်ကုန်နှင့် ကုန်ခြောက်များမှာ ဈေးနှုန်းအတက်အကျ သိသိသာသာမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း ကွင်းဆင်းစုံစမ်းချက်များအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)