ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jul 2025
ခဝဲပင်သည် ဘူး၊ဖရုံ မျိုးရင်း၌ပါဝင်၍ နှစ်စဉ် စိုက်ပျိုးရသော အပင်မျိုးဖြစ်သည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် အလျား ၇ လက်မ မှ ၁၅ လက်မ ခန့်အထိ ရှည်သည်။ ခဝဲ ပင်၏ အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဖက်သို့ သေးသွယ် သွား၏။ လတ်ဆတ်နေချိန်၌ ခဝဲ သီးသည် အစိမ်းရင့်ရောင်ရှိသည်။ သခွားသီးကဲ့သို့ လုံးချော မဟုတ်ဘဲစောင်းပါရှိသည်။ “ဗြိစ္ဆာရာသီ” တန်ဆောင်မုန်းလ တွင် ပွင့်သောပန်း အဖြစ်ထင်ရှားသည်။ ခဝဲပင်ကို မြန်မာနိုင်ငံ တွင် ဒေသအနှံအပြားတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံ၌ ခဝဲ နှစ်မျိုးရှ
14 Jul 2025
ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၅.၆.၂၀၂၅)ရက်နေ့ နေ့လည်ပိုင်းတွင် ဝါးတောအုပ်စု၊ ဝါးလည်ရွာရှိ ကြက်ဟင်းခါးသီး စိုက်ပျိုး ထားသည့်ခြံသို့ သွားရောက်ခဲ့ရာ ဝါးတောကျေးရွာအုပ်စုအတွင်း ကြက်ဟင်းခါးသီး စိုက်ပျိုးသူ (၅)ဦးခန့် ရှိပြီး အများဆုံးစိုက်ပျိုးသူတောင်သူ ဦးမောင်ဌေး ၏စိုက်ပျိုးထားသော ကြက်ဟင်းခါး သီးခြံသို့ သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါတောင်သူသည် ကြက်ဟင်းခါးသီးမျိုးတစ်ထုပ် (အစေ့ ၁၀၀)အား အလျား၁၅တောင်၊ အနံ ၅၀တောင်ရှိ စင်ဖြင့် စိုက်ပျိုးထားပါသည်။
14 Jul 2025
ပေါက်ခေါင်းမြို့နယ်တွင် ကွမ်းများစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ အချို့က ကွမ်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အများအပြားစိုက်ပျိုးသလို အချို့မှာ မီးဖိုချောင်စရိတ်ကာမိအောင် ကွမ်းစိုက်ပျိုးခြင်းလုပ်ငန်းကို တနိုင်တပိုင်အဖြစ် စိုက်ပျိုးကြပါသည်။ ကွမ်းစိုက်ပျိုးခြင်း လုပ်ငန်းသည် အရှုံးအမြတ်အလွန်ကြီးသော လုပ်ငန်းဖြစ်၍ လူတိုင်းစိုက်ပျိုး ရန်အလွန် စဉ်းစားရသော လုပ်ငန်းဖြစ် ပါသည်။ အထူးသဖြင့် ကံတရားကို အဓိကထား၍ လုပ်ဆောင်ရသော အလုပ်ဆိုလျှင် လည်းမမှားပေ။ ထိုအထဲတွင် ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်အုပ်စု
14 Jul 2025
နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့် အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့်ပြုလုပ်စားသုံးကြပါသည်။ ထို့ပြင် နာနတ်သီးကို တာရှည်ခံအောင်ပြုလုပ်ပြီး စည်သွပ်ဘူးအနေဖြင့် ထုတ်လုပ်ကာ ဟင်းလျာများတွင်လည်း ထည့်သွင်းစားသုံးကြပါသည်။ ပြည်မြို့ရှိ ဈေးများထဲတွင်ရောင်းချနေသောနာနတ်သီးများမှာ ပြည်မြို့အနီးတဝိုက်ရွာများဖြစ်သည့် မှော်ဇာ၊ ထန်းပေါက်ရွာများဘက်မှ အဝင်ရှိပြီး ပန်းတောင်း
14 Jul 2025
ပြည်ကုန်စည်ဒိုင်သည် လမ်းပန်းဆက်သွယ်ရေးအချက်အခြာကျသော ပြည်မြို့တွင် တည်ရှိ သောကြောင့် အရောင်းအဝယ်မှာသွက်လျှက်ရှိပါသည်။ မတ်ပဲ

Pages