ကုန်သွယ်မှုသတင်းများ
Powered by Drupal
14 Jul 2025
ပြည်ခရိုင်၊ ပြည်မြို့ရှိပွဲရုံများတွင် ပဲကြီး၊ စားတော်ပဲ(ကျွန်း)၊ ပဲလွမ်းဖြူပဲများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

14 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ၂၀၂၅ ခုနှစ် ဇွန်လ အတွင်း ခရမ်းချဉ်သီးများ အရောင်းသွက်လျှက်ရှိကြောင်းသိရပါသည်။ ခရမ်းချဉ်သီး သီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီး အား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊အသားများဖြင့် ရောကြော်ခြင်း စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများ သည်လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါသည်။

14 Jul 2025
ပြည်ခရိုင်အနေဖြင့် ပဲပုတ်ကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဆောင်းရာသီတွင် ပို၍စိုက်ပျိုးကြပါသည်။ ပဲပုတ်ကို ပဲပုတ်ကိုဆီအဖြစ်စားသုံးကြသလို ပဲပင်ပေါက်၊ ပဲဟင်း၊ ဗယာကြော်၊ ပဲပုတ်ပြား၊ ပဲပြား၊ ပဲငံပြာရည်၊ ဆီတို့ဖူး စသည်ဖြင့် အမျိုးမျိုး ပြုလုပ်၍ စားသုံး ကြပါသည်။ ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် ရောင်းချလျှက်ရှိသော ပဲပုတ်ဈေးနှုန်းများမှာ ဇူလိုင်လဆန်းတွင် ပိဿာ(၂၀)တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဖြင့် ယခင်မေလ ကုန်အပတ် ကအတိုင်း ဈေးငြိမ်နေခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေ

14 Jul 2025
ပြည်မြို့ရှိဈေးကွက်များတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းမှာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဈေးများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးများမြင့်တက်လာရခြင်းမှာ အထွက်နှုန်းမှာ ယခင်နှစ်ကအတိုင်းရှိပေမယ့် စိုက်စရိတ်များကြီးမြင့်ခြင်း၊ ဝယ်လိုအားများလာခြင်း တို့ကြောင့် နှစ်အလိုက်ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟု သိရပါသည်။ မြေပဲဆီမှာလည်း ယခင်နှစ် နှင့်ယှဉ်လျှင် တစ်ပိဿာလျှင် (၁၀၀၀-၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဈေးများမြင့်တက်လာခဲ့ပါသည်။
