ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကို လစဉ် ကွင်းဆင်းစစ်ဆေးမှုကို စတိုးများ၊ shopping mall များ၊ mart နှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

နွေရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိဈေးများတွင် မန်ကျည်းရွက်နုများ စတင်ပေါ်ထွက်လာပြီး ရောင်းဝယ်ဖောက်ကားမှု စည်ကားလျက်ရှိသည်။ မန်ကျည်းပင်သည် နွေနေပူပြင်းချိန်တွင် အေးမြသောအရိပ်ကို ပေးစွမ်းနိုင်သည့်အပြင် အရွက်၊ အသီး၊ အခေါက်၊ အစေ့စသည်တို့ဖြင့် တစ်ပင်လုံးနီးပါး အသုံးဝင်သော အပင် တစ်မျိုးဖြစ်သည်။

ကွမ်းပင်သည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ကွမ်းရွက်မှာ ကျန်းမာရေး အတွက် အထောက် အကူပေးနိုင့်သည့် ဓာတ်တေအများကြီးပါဝင်နေပါသည်။ကွမ်းရွက်ဆိုတာက စပ်ရှား ရှားအနံ့မွှေးမွှေးလေးရှိပြီးထိပ်ပိုင်းချွန်ချွန်လေးနဲ့ အရွက်ရှည် ဝိုင်းဝိုင်ပုံစံဖြစ်ပါသည်။ကွမ်းရွက်ကို ကွမ်းစားဖို့ အတွက်အသုံးများကျပါသည်။ကွမ်းယာနေနဲ့ ကွမ်ရွက်ကိုရှေ့ယခင်ကာလတွေကတည်းက အသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။

မတ်လနောက်ဆုံးပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ကုန်စိမ်းစျေးကွက်များသို့ သံပုရာနှင့်သံပုယိုသီးများ ပိုမိုဝင်ရောက်လျက်ရှိပြီး ရာသီဥတုပူပြင်းမှုကြောင့် အရောင်းသွက် ကြောင်း သိရသည်။ စျေးကွက်တွင် ရောင်းချနေသည့် သံပုရာသီးအများ စုမှာ ပုသိမ်၊ ကျောင်းကုန်း နှင့် ငပုတောမြို့နယ်တို့ရှိ ကျေးရွာများမှ ထွက်ရှိသောအသီးများဖြစ်ပြီး၊ သံပုယိုသီးများမှာ မြန်အောင်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့မှ စိုက်ပျိုးထွက်ရှိသည့် အသီးများ ပိုမိုဝင်ရောက်လျက်ရှိပါသည်။ ထို့အပြင် ဧရာဝတီတိုင်းအတွင်းရှိ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ထုတ်လုပ်သည့် အရည်အသွေးမြင့် နေလှန်းဆားများ ရန်ကုန်ဈေးကွက်တွင် ဝယ်လိုအားမြင့်မားစွာ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလအတွင်း ပိဿာချိန် ၈၅,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်အတွက် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ လပွတ္တာမြို့နယ်မှ ဆားလုပ်ငန်းရှင်များက ၎င်းတို့၏ ဒေသ ထွက်ဆားများကို ရန်ကုန်မြို့ရှိ အဓိကဈေးကြီးများသို့ ပုံမှန်တင်ပို့လျက်ရှိရာ ဖေဖော်ဝါရီလတွင် ပိဿာချိန် ၈၅,၀၀၀ အထိ ရောင်းချနိုင်ခဲ့ကြောင်း ဆားရောင်းဝ
