ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 May 2025

     မိတ္ထီလာ ဈေးကွက်အတွင်းသို့ ခရိုင်အတွင်းရှိကြက်သွန်နီစိုက်ပျိုးသောကျေးရွာများမှ ကြက်သွန် နီ (အသစ်)များအဝင်လှိုင်လျှက်ရှိကြောင်းသိရှိရပါသည်။

23 May 2025

   ပဉ္စမအကြိမ်မြောက် ထိုင်းနှင့်ဥရောကသမဂ္ဂ(EU) လွတ်လပ်သောကုန်သွယ်ရေး ဆွေးနွေးမှုသည် အပြန်အလှန် စိတ်ကျေနပ်မှုရရှိခဲ့ကြကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan ကပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Chotima Iemsawasdikul ကနှစ်ဖက်စလုံးသည် ထပ်တိုးကဏ္ဍနှစ်ခုတွင် မူအားဖြင့်သဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဏ္ဍများမှာ အကောက်ခွန် လုပ်ငန်းစဉ်များနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးတို့ဖြစ်ကြောင်း သိရပါသည

23 May 2025

          မိတ္ထီလာမြို့ဈေးကွက်အတွင်း ဓါတ်မြေဩဇာဈေးနှုန်းများမှာ သီးနှံရာသီကုန်ချိန်ဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးလျှက်ရှိပြီး မျိုးစေ့များသာအရောင်းအဝယ်ပြုလုပ်နေကြကြောင်းနှင့် ဇူလိုင်၊ ဩဂုတ်လများရောက်မှသာ ဓါတ်မြေဩဇာများအရောင်းအဝယ်ဖြစ်ကြကြောင်း သိရပါသည်။

23 May 2025

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၂.၄.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍  ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ကြက်ဥနှင့် စားအုန်းဆီများဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

23 May 2025

     ဗီယက်နမ်ပြည်တွင်းကားလုပ်ငန်းဖြစ်သည့် Kim Long Motor သည်တောင်ကိုရီးယား၏ Daon Mobility နှင့် ခရီးသွားနှင့် ‌ကျောင်းကားဝန်‌ဆောင်မှုသုံး ဗီယက်နမ်ထုတ် ဘတ်စ်ကား အစီးရေ ၂၀၀ တင်ပို့ရန် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Hue မြို့ အခြေစိုက် Chan May Lang Co စီးပွားရေးဇုန်တွင် လက်မှတ်ရေးထိုးခဲ့သည့် ထိုသဘောတူညီ ချက်သည် ကိုရီးယားမိတ်ဖက်မှတစ်ဆင့် လုပ်ငန်းလည်ပတ်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင် မှု အတွက် King Long Motor အမှတ်တံဆိပ်မော်တော်ယာဉ်များရောင်းချရန်အတွက် ပထမဆုံ

Pages