ကုန်သွယ်မှုသတင်းများ
Powered by Drupal
11 Jul 2025
မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် လူအများက အအီပြေစေသည့် အသီး အဖြစ် စားကြကြောင်း၊ ဒူးရင်းသီးနဲ့ မင်းကွတ်သီးတို့သည် အသီးပေါ်ချိန်ခြင်း တူသော ကြောင့် ဒူးရင်းသီး စားပြီး အီလျှင် မင်းကွတ်သီး ချဉ်ချဉ်လေးတွဲဖက်ပြီး စားသုံးကြကြောင်း၊ တစ်လုံးစားရုံနှင့် မဝနိုင်ဘဲ လေးငါးလုံးဆက်စားမှသာ တင်းတိမ်လေ့ရှိကြောင်း၊ လေ့လာသိရှိရပါသည်။မင်းကွတ်သီးသည်မည်သည့် သီးနှံနှင့်မတူညီဘဲ စားသုံးသူ၏ ဘဝင်နှလုံးကို အေးမြကြည်လင်စေသည့်အတွက် လူကြိုက်များကြ ကြောင်း သိရှိရပါသည်။

11 Jul 2025
ညမွှေးပန်း၏ အဓိပ္ပာယ်သည် “အရာရာမင်းအတွက်ဖြစ်စေရမယ်”ဟူ၍ဖြစ်သည်။ ညမွှေးပန်းသည် စိမ်းနုရောင်ပန်းခိုင်လေးများ တစ်ပင်လုံးအူနေအောင် ပွင့်သောပန်းဖြစ်သည်။ ညမွှေးပန်းဟု အမည်နှင့်လိုက်အောင် နေခင်းပိုင်းတွင် လုံးဝမမွှေးဘဲ နေလုံးကွယ်ပျောက် ညချမ်းအချိန်အခါရောက်မှ မွှေးသောပန်းဖြစ်သည်။ ညမွှေးပန်း၏ ရနံ့သည် တစ်တောလုံး တစ်တောင်လုံး အီနေအောင်မွှေးသောပန်းဖြစ်သည်။ မွှေးလွန်းသော ညမွှေးပန်းရနံ့ကို လူတိုင်း မကြိုက်နှစ်သက်ပင်မဲ့ လမ်းဘေးဝဲယာ၊ အိမ်ခြံဝင်း ဘေးများတွင် နှစ်သက်စွာစိုက်ပျိုး တတ်ကြသည်။ မိုးများသော၊ အေးသောဒေသ

11 Jul 2025
ဇီဇဝါပန်းကလေး၏ အဓိပ္ပာယ်သည် “ဒီအတိုင်း တိတ်တိတ်လေး အများကြီး သဘောကျ ရပါတယ်” ဟု ဆိုလိုသည်။ ဇီဇဝါပန်းသည် အနံ့မွှေး၍ အဖြူရောင်ရှိသည်။ ဇီဇဝါသည် ပန်းပွင့်သော အလှပန်းပင်ဖြစ်သည်။ ဇီဇဝါပန်းရနံ့သည် အလွန်မွှေးကြိုင်ပြီး ရနံ့သင်းသင်း စံပယ်ပန်း ရနံ့နှင့်ဆင်တူပါသည်။ ဇီဇဝါပန်းလေးတွေက တန်ခူး၊ ကဆုန်၊ နယုန်လများတွင် ဝေဝေဆာဆာပွင့် တတ်ကြသည်။ ဇီဇဝါပန်းရနံ့သည် စိတ်ကို လုံခြုံစိတ်ချနွေးထွေးမှုရှိသည်ဟု ယူဆကြသည်။ စိတ်ခံစားမှုကောင်းစေပြီး စိတ်ဓာတ်ကျတာကို သက်သာစေပါသည်။ ဇီဇဝါပန်းလေးတွေ အရမ်း မွှေးပြီးလှပသော အဖြူရောင်ပန်း

11 Jul 2025
စိတ်ချမ်းသာလိုလျှင် ပန်းပင်စိုက်ပါ၊ ပန်းကလေးတွေက အရောင်အမျိုးမျိုး အဆင်းသွယ်သွယ်ဖြင့် မြင်ရသူတို့၏ ရင်ဝယ်အေးမြလန်းဆန်းစေပါသည်။ ထိုပန်းကလေးများထဲမှ ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ တည်ကြည်ခြင်း အဓိပ္ပာယ်ကို ဆောင်သော အဖြူရောင်ပန်းကလေးများစွာ ရှိပါသည်။ စပယ်ပန်း၊ ဇွန်ပန်း၊ ဇီဇဝါပန်း၊ ဇလပ်ဖြူ၊တတိုင်မွှေး၊ နှင်းပန်း၊ သစ္စာပန်း စသည်ဖြင့် အဖြူရောင်ပန်းပွင့်သော အပင်များစွာရှိပါသည်။ ထိုထဲကမှ အဖြူရောင်းအပွင့်သေးသေးလေးမျာ အူခဲနေအောင် ပွင့်တတ်သော ယုဇနပန်းပင်ကလေးများကလည်း ရောင်းပန်သာ၍ ဝယ်ပန်းလှနေကြပါသည်။ ယုဇနပန်

11 Jul 2025
အဝါရောင်သည် ပျော်ရွှင်ခြင်း၊ ရယ်မောခြင်း၊ မျှော်လင့်ချက်ရဲ့ နေရောင်ခြည်ကို နွေးထွေးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါသည်။ အကောင်းမြင်ခြင်းနှင့် စိတ်ပျော်ရွှင်တက်ကြွခြင်းကို ပေးစွမ်းနိုင်ပါသည်။ အဝါရောင်သည် လင်းလွန်းသောကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပါသည်။ ငုဝါပန်းများကလည်း အဝါရောင်ဆွဲလွဲအခိုင်လိုက်တွေ တစ်ပင်လုံးအူနေအောင် ပွင့်တတ်သည်။ သင်္ကြန်မိုးကလေးပြီးကတည်းက ပွင့်လန်းခဲ့သည့် စိန်ပန်းနီ၊ စိန်ပန်းပြာတွေ၊ ငုဝါပန်းတွေ၊ ငုစပ်ပန်းတွေက ယခုလိုကျောင်းဖွင့် ရာသီအချိန်ကာလတွင် တချို့ပန်းခိုင်က ကြွေကျမြေမှာ
