ကုန်သွယ်မှုသတင်းများ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၄-၄-၂၀၂၅ ရက်နေ့တွင် ကုန်စိမ်း ကုန်ချိန် ပိဿာချိန်ပေါင်း ၈၆၄,၀၀၀ ကား ၉၅ စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘ

ပြည်ပဲဈေးကွက်အတွင်း သင်္ကြန်ပြီးကာလမှာ ပဲသစ်များဝင်ရောက်မှုအနေဖြင့် ပဲထွက်ပေါ်ချိန်ကာလတုန်းကကဲ့သို့ ဝင်ရောက်မှု အများအပြားမရှိခဲ့သော်လည်း ပုံမှန်ဝင်ရောက်မှု ရှိခဲ့ရာ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး စသည့်သီးနှံများမှာ အိတ် (၅၀၀)ကျော် (၁၀၀၀)နီးပါးထိဝင်ရောက်ခဲ့ပြီး လှောင်ပဲသမားနှင့် ရန်ကုန်ဝယ်လက်များအဝယ်ရှိခဲ့ကြပါသည်။ ပဲပုတ်သီးနှံအနေဖြင့် ယခုကာလမှာ ပဲအဝင်သိပ်မရှိသော်လည်း လက်ကျန်ပဲများရှိသည့်အတွက်လက်လီ/လက်ကားဝယ်ယူမှုအပေါ်အိတ် (၁၅၀)ကျော် (၂၀၀)အထိ ရောင်းချမှုရှိခဲ့ပါသည်။ ပဲ

ပြည်ခရိုင်အတွင်းမတ်လတွင် ဆန်ကွဲကြီး Extra တစ်အိတ်လျှင် (၄၆၀၀၀)ကျပ်၊ ဆန်ကွဲ 234 တစ်အိတ်လျှင် (၄၃၀၀၀)ကျပ်၊ ဆန်ကွဲ 12 တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်နှင့်၊ ဖွဲနုတစ်ပေါင်လျှင် (၃၆၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုဧပြီလတွင် ဆန်ကွဲကြီး Extra တစ်အိတ်လျှင် (၄၄၀၀၀)ကျပ်၊ ဆန်ကွဲ 234 တစ်အိတ်လျှင် (၄၂၀၀၀)ကျပ်၊ ဆန်ကွဲ 12 တစ်အိတ်လျှင် (၄၃၀၀၀)ကျပ်နှင့်၊ ဖွဲနုတစ်ပေါင်လျှင် (၃၄၀)ကျပ်ဖြင့်ဈေးအနည်းငယ်ကျခဲ့ပါသည်။

ပြည်ဈေးကွက်တွင် ယခုဧပြီလအတွင်း ပြောင်းဖူးသီးနှံများ ဈေးကောင်းရလျှက်ရှိနေပြီး ပြည်မြို့အနီးတစ်ဝိုက်ရှိ မှော်ဇာ၊ ဆင်မြီးဆွဲ၊ တောင်ခွေးရဲရွာများနှင့် ခရိုင်အတွင်း မြို့နယ်များ ဖြစ်သော အင်းမ၊ သဲကုန်း၊ ဝက်ပုတ်၊ ပုတီးကုန်း၊ ရွှေတောင်စသည့်နယ်များမှ တစ်ရက်ခြားလျှင် အလှည့်ကျအဝင်ရှိနေကြောင်း သိရပါသည်။ ယခုလိုပူပြင်းသည့်အချိန်ကာလတွင် ပြောင်းဖူးများကို ရေသွင်းစိုက်ပျိုးခြင်း၊ ပြောင်းဖူးမျိုးစေ့များ ဈေးနှုန်းမြင့်ခြင်းနှင့် သယ်ယူပို့ဆောင် စရိတ်များ မြင့်ခြင်းကြောင့် ယခင်ကာလမျာ

ယခုဧပြီလနောက်ဆုံးပတ်တွင် ပြည်ကြက်သွန်နီဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ အဝင်များ၍ ဈေးကျလျက်ရှိပြီး ယခင်လဈေးများထက်တစ်ပိဿာလျှင် ကျပ်(၄၀၀)နှုန်းခန့် ကျဆင်းလျက်ရှိနေသည်။ ပြည်ဈေးကွက်သို့ဆိပ်ဖြူ၊ တောင်တွင်းနှင့်အောင်လံဘက်မှ ကြက်သွန်နီ များ ပိဿာချိန် (၁၅၀၀၀)ပတ်လည်ခန့်အဝင်ရှိနေသဖြင့် ဧပြီလအတွင်း ပိဿာချိန် (၂)သိန်း ၅သောင်းခန့် အဝင်ရှိနေကြောင်းသိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ ပြည်မြို့အနောက်ကမ်းရှိ ရေကြောင်းဖြင့်သွားလာရသောရွာများန
