ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 May 2025

      အင်ဒိုနီးရှားနိုင်ငံသည်လွန်ခဲ့သောလေးလအတွင်း ပြည်တွင်း၌ ဆန်သိုလှောင်မှု မြင့်မားခဲ့သောကြောင့် လိုအပ်သောနိုင်ငံများသို့ ဆန်တင်ပို့မှုစတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့က အင်ဒိုနီးရှားသမ္မတ Prabowo Subianto မှ ကြေညာခဲ့သည်။ မလေးရှားအပါအဝင် နိုင်ငံအများအပြားသည် အင်ဒိုနီးရှားမှ ဆန်တင်သွင်းရန်ကြိးပမ်းနေသည့် သတင်းများကိုတုံ့ပြန်သည့် အနေဖြင့် ထိုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တင်ပို့မည့်နေရာများကို မသတ်မှတ်ထားသော်လည်း ပြည်ပသို့တင်ပို့မည့်ဆန်မျာ

22 May 2025

           ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ယခုအပတ်မှာ မန်ကျည်းမှည့်အသစ်ဝင်ရောက်မှုမှာ ပြည်ဒေသအနီးတဝိုက်နှင့် ကျောက်ပန်းတောင်းဘက်မှ ဝင်ရောက်မှုရှိ၍ ဝင်ရောက်မှုများနေကြောင်း သိရပါသည်။ အချို့မန်ကျည်းစိုက် တောင်သူတို့မှာ ကြိုက်ဈေးမရတာကြောင့် ထုတ်ရောင်းချမှု မရှိသေးပဲ ဈေးကောင်းစောင့်လျက် ရှိနေကြောင်း လည်းသိရပါသည်။ မန်ကျည်းမှည့်ပွဲရုံများမှလည်း ဝင်ရောက်လာသော မန်ကျည်းမှည့်များကိုသာ တစ်ဆင့်ပြန်လည်ရောင်းချမည့် လက်လီသမားများနှင့် နယ်စုံမှဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျ

22 May 2025

    မွန်ဂိုလီးယားနိုင်ငံသည် ယခုနှစ် ပထမသုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၈.၅ သန်းတန် ဖိုးရှိ Cashmere (cashmere ဆိုသည်မှာ ဆိတ်တစ်မျိုး၏ အလွန်နူးညံ့သောအမွှေးတစ်မျိုးဖြစ်သည်) ၇၂.၃ တန် တင်ပို့ခဲ့ကြောင်း မွန်ဂိုလီးယားအကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဧပြီလ ၁၉ ရက် နေ့ကထုတ်ပြန်သောတရားဝင်အချက်အလက်များအရသိရသည်။ ထိုတင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၅၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း အချက်အလက် များအရသိရသည်။ သမ္မတ Ukhnaa Khurelsukh မှ အစပြု၍ မွန်ဂို

22 May 2025

           ပြည်ချင်းပွဲရုံများတွင် ယခုအပတ်ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးကတော့ ယခင်အပတ်ဈေးအတိုင်းငြိမ်လျက်ရှိနေပါသည်။ ဓားလှီးချင်း(ဖတ်)လုပ်ငန်းရှင်တို့နေ့စဉ်ဝယ်ယူမှုနှင့် လက်လီဈေးရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးတာကြောင့် ချင်း(ပွဲရုံ)တွင် အရောင်း အဝယ်  အေးလာတယ်လို့သိရပါတယ်။ ယခုအပတ်ချင်းဈေးမှာ (ပွဲရုံ) ဈေးတစ်ပိဿာ လျှင် အိတ်ဆွဲဈေး (၃၀၀၀)ကျပ်၊ ဖြစ်ပြီး၊ ချင်းသန့် (လက်ကား)ဈေးမှာ (၃၅၀၀-၄၀၀၀)ကျပ် ဈေးတို့ဖြင့် ရောင်းချနေတာတွေ့ရပါသည်။ လက်လီဈေးများ တွင် ချင်းသန့် တစ်ပိဿာလျှင်

22 May 2025

    ဘီလာရုစ်ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် ၂၀၂၅ ခုနှစ်ပထမ သုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၃.၁ ရာခိုင်နှုန်း တိုးလာကြောင်း နိုင်ငံ၏ စာရင်းအင်းကော်မတီ၏ ဧပြီလ ၁၇ ရက်နေ့က ပြသခဲ့သောအချက်အလက်များအရသိရသည်။

  ၂၀၂၅ ခုနှစ်ပထမသုံးလပတ်တွင် GDP ပမာဏသည် ၅၉.၄ ဘီလီယံ Belarusian ရူဘယ် (အမေရိကန်ဒေါ်လာ ၁၈.၄ ဘီလီယံခန့်) ရှိကြောင်း စာရင်းအင်းကော်မတီမှပြောကြားခဲ့သည်။

Pages