ကုန်သွယ်မှုသတင်းများ
ထိုင်းနိုင်ငံရင်းနှစ်မြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) က တရုတ်နိုင်ငံပြီးနောက် ကမ္ဘာ့အကြီးဆုံး တာယာလုပ်ငန်းဖြစ်သည့် Continental အား ထိုင်းနိုင်ငံတွင် တည်ရှိပြီးဖြစ်သော ၎င်းတို့၏စက်ရုံအား တိုးချဲ့ရန်အမေရိကန်ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုလိုက်ကြောင်း ၉-၁၀-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ Continental က ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ၅ နှစ်က စ၍ ထုတ်လုပ်မှုစတင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ထုတ်လုပ်သည့် ရာဘာနှင့်အခြားကုန်ကြမ်းများ အသုံးပြုကာ မော်တော်ဆိုင်ကယ်များ၊ လိုက်

ကွမ်းသီးနုများသည် ဇွန်လ၊ ဇူလိုင်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ဩဂုတ်လ၊ စက်တင်ဘာလများတွင် တဖြည်းဖြည်းရင့်မာလာကြသည်။ ကွမ်းသီးနုရာသီကုန်ဆုံးချိန် စက်တင်ဘာလနောက်ပိုင်းတွင် မွန်ပြည်နယ်၌ ကွမ်းသီးနုများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မိုးမြေပဲ စိုက်ဧက လေးထောင်ကျော်ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ မြို့နယ်အတွင်းရှိဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ တို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းသီးနှံကို စိုက်ဧက ၄၀၀၀ကျော်စိုက်ပျိုး ထားရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ်ပဲတို့ကို အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့တင်ပို့နိုင်သည်အထိ စိုက်ပျိုးလျက်ရှိပါသည်။
