ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြပါသည်။ ရာသီအလိုက်စိုက်ပျိုးသော သီးနှံများအလိုက် ဝယ်လိုအားရှိသော ပြောင်းဖူးသီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးပြောင်းဖူးစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၁၉၂) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၄၀၀) ဧက၊ မြစ်သားမြို့နယ်တွင် (၁၈၇၃)ဧက၊ စုစုပေါင်း (၄၄၆၅) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ စဉ့်ကိုင်မြို့နယ်တွင် (၁၀၃၄) ဧက၊ မြစ်သားမြို့နယ်တွင် (၃၆၂)ဧကရိတ်သိမ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ပဲမျိုးစုံနှင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ပဲမျိုးစုံ၊ သီးနှံများအနက် ပဲတီစိမ်းသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း(မိုး) စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၁၀၇၈) ဧက၊ စဉ့်ကိုင် မြို့နယ်တွင် (၉၁၈၀) ဧက၊ မြစ်သားမြို့နယ်တွင် (၁၈၂၇၉) ဧက၊ စုစုပေါင်း (၃၈၅၃၇) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စက်တင်ဘာလဆန်းတွင် မိုးပဲတီစိမ်းများရိတ်သိမ်းလျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင် (၈၆၀၂) ဧက၊ စဉ့်ကိုင်
အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှု ပြန်လည်စတင်ပြီးနောက် ထိုင်းဆန်ဖြူ ပြည်တွင်းဈေးနှုန်းသည်လည်း ကျဆင်းလာခဲ့သည်။ သို့သော်လည်း ယခုနှစ်ဆန်တင်ပို့မှု ပမာဏအပေါ် သက်ရောက်မှုမရှိသေးကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookai Ophaswongse ၏အဆိုအရ သိရသည်။ အိန္ဒိယအစိုးရသည်ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုအား စက်တင်ဘာလ ၂၈ ရက်နေ့တွင်ရုတ်သိမ်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် သီးနှံအထွက်နှုန်းပိုများပြားလာကာ ပြည်တွင်းထောက်ပံ့မှုအတွက် နိုင်ငံပိုင်ဂိုဒေါင်အရန်သိုလှ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာသည် စိုက်ပျိုးရေးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ကျေးရွာတစ်ခုဖြစ်သည်။ ကော့ပရံကျေးရွာတွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့် အိမ်ခြေ (၃၀) ခန့်ရှိကြောင်းသိရှိရသည်။ ရက်လုပ်သည့်အထည်များမှာ ကရင်လုံချည်၊ ကရင်အင်္ကျီ၊ အမျိုးသမီးဝတ် ကရင်ဂါဝန်များကိုရက်လုပ်ကြသည်။

အင်္ဂပူမြို့နယ် ၊ ကံဦးအုပ်စု၊ ကံဦးကျေးရွာတွင် ဒေသထုတ်ကုန်ဖြစ်သော ရွှေပြည်သား “ရွှေသီဟ”ပဲချောင်းကြော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်း ချလျက်ရှိပြီး မိမိတို့ဒေသဈေးကွက်အပြင် ခရိုင်အတွင်း ဟင်္သာတ၊ ဇလွန်မြို့နယ်များသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
