ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံစိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်းစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၈၄၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၆)ဧက၊ မြစ်သားမြို့နယ်တွင် (၁၀၄၆)ဧက၊ စုစုပေါင်း(၁၉၁၅)ဧက စိုက်ပျိုးထားကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နနွင်းတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀၀/-)

နဂါးမောက်သီးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ယခုအခါပြင်ဦးလွင်ခရိုင်တွင်လည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ နဂါးမောက်ပင်ကို အတွင်းသားအဖြူနှင့် အနီမျိုးတို့ကို အဓိကစိုက်ပျိုးကြပါသည်။နဂါးမောက်ပင်ကို တိုင်စနစ်၊ စင်စနစ်၊ တန်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပါသည်။ နဂါးမောက်ပင်မျိုးကို တစ်ခါသာဝယ်ယူရပြီး ဆက်လက်စိုက်ပျိုးရန်အတွက် မိမိအပင်မှမျိုးကိုဖြတ်၍စိုက်ပျိုးနိုင်သောကြောင့် အလွယ်တကူစိုက်ပျိုးနိုင်သောအပင်များ ဖြစ်ပါသည်။ နဂါးမောက်အပင်
နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဟင်းသီးဟင်ရွက်မျိုးစုံစိုက်ပျိုးလျက်ရှိရာ နတ်တလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများသည် (၁၀-၁၀-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးဆယ်ကျော်ရွာသို့သွားရောက်၍ တိုင်ထောင်ပဲ .၅၀ဧကစိုက်ပျိုးထားသောတောင်သူနှင့် တွေ့စုံစမ်းမေးမြန်းရာတွင် တိုင်ထောင်ပဲကို ဝါခေါင်လဆန်းတွင် စတင်စိုက်ပျိုးပြီး ရက်(၅၀)၊ ရက်(၆၀)ကြာမှ စတင်ခူးဆွတ်ရပါသည်။ တိုင်ထောင် ပဲ .၅၀ဧကကို စတင်ပေါ်ချိန်တွင် အတောင့်ရေ (၅၀၀)မှစ

တစ်နှစ်တွင် ပုံမှန် တစ်လ၊ နှစ်လသာ ရှားရှားပါးပါးပေါ်သော ရာသီစာကိုင်းဥကို ယခုကဲ့သို့သောအချိန် မြစ်ကမ်းနားဘေးနားရှိ ကိုင်းပင်များတွင် တွေ့ရတတ်ပါသည်။ ကိုင်းဥဟုခေါ်ဆိုသော်လည်း ဥလည်းမဟုတ်၊ မှိုလည်းမဟုတ်၊ အသီးလည်းမဟုတ်ကြောင်းသိရပါသည်။ ကိုင်းပင်၏ပင်စည်မှ အစေးများစုပြီး ဥကဲ့သို့ဖြစ်တည်နေသော အစားအစာတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အင်ဥကဲ့သို့ ချောမွေ့မှုမရှိဘဲ ကြမ်းတမ်းတမ်းရှိပြီး အရသာမှာ စိမ့်သောအရသာရှိပါသည်။ ကိုင်းဥကို ဆားနှင့်ငရုတ်ကောင်းဖြူးပြီး ကင်စားကြသကဲ့သို့ တချ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ အောက်တိုဘာလ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး အော
