
၂၀၂၅ ခုနှစ်၊ဩဂုတ်လနောက်ဆုံးပတ်တွင် ကရင်ပြည်နယ်ဒေသထွက် ဒူးရင်းသီးများ ဘားအံမြို့ပေါ်ဈေးကွက်အတွင်းဈေးကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ရှိ မြို့နယ်(၇)မြို့နယ်လုံးတွင် ဒူးရင်းသီးထွက်ရှိသောလည်း ဖာပွန်၊ သံတောင် ကြီး၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များတွင်သာ ဒူးရင်းသီးပိုထွက်ပြီး၊ပို၍လည်း အရသာ ရှိလှပါသည်။ ကရင်ပြည်နယ်ဒေသထွက် ဒူးရင်းသီးပင်သည် အပင်မြင့်မျိုးဖြစ်ပြီး ကျောက်စရစ် မြေနီကို ပိုကြိုက်သည်။ ဒူးရင်းသီးပင်မြင့်သောလည်းဒူးရင်းသီးမှည့်လျှင် အလိုအလျှောက်ပြုတ် ကျလာက ပျက်စီးခြင်းမရှိပဲ ပင်ကိုအတိုင်းပင်တည်ရှိသည်။ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့ နယ်ထွက် ဒူးရင်းသီးများသည် အရသာအလွန်ချိုမြကာ အခါးသက်နေ၍ လူကြိုက်များလှပါသည်။ ယခုအခါတွင် ကရင်ပြည်နယ်ဒေသထွက် ဒူးရင်းသီးစစ်စစ်ရှိသလို ထိုင်းကိုင်းဆက် ဒူးရင်းသီးပင် များကိုလည်း စီးပွား ဖြစ်စိုက်ပျိုးနေကြောင်း သိရသည်။
ဒူးရင်းသီးပင်သည် တစ်နှစ်ပတ်လုံးသီးသောသီးပင်ဖြစ်သည်။ယင်းအသီးသည် စပွင့်ချိန်မှ မှည့်ချိန်အထိ (၅)လခွဲ မှ (၆)လခွဲထိ ကြာသည်။ ကရင်ပြည်နယ်ဒေသထွက် ဒူးရင်းသီးများမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများမှစပွင့်ပြီး ဇွန်၊ဇူလိုင်လများတွင် စတင်ခူးဆွတ်ရောင်းချကြပါသည်။ ယခင်ဇူလိုင် လ ဒူးရင်းသီးများတွင် ဒေသထွက်ဒူးရင်းသီး ဈေးနှုန်းများမှာ ဒူးရင်းသီး အလုံးကြီးတစ်လုံးလျှင် (၃၀၀၀၀/ ၄၀၀၀၀)ကျပ်၊ ဒူးရင်းသီး အလုံးလတ်တစ်လုံးလျှင် (၁၅၀၀၀၊၂၀၀၀၀)ကျပ်၊ ဒူးရင်းသီး အလုံးငယ်တစ်လုံး လျှင်(၅၀၀၀၊၁၂၀၀၀)ကျပ်တို့နှင့်ယခုဩဂုတ်လ နောက်ဆုံးပတ်ရှိ ဒူးရင်းသီး ဈေးနှုန်းများမှာ ဒူးရင်းသီး အလုံးကြီး တစ်လုံးလျှင် (၄၀၀၀၀/၅၅၀၀၀)ကျပ်၊ ဒူးရင်းသီး အလုံးလတ် တစ်လုံးလျှင် (၂၅၀၀၀၊ ၃၀၀၀၀) ကျပ်၊ ဒူးရင်းသီး အလုံးငယ်တစ်လုံးလျှင် (၁၀၀၀၀၊ ၁၈၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ယခုလို ယခင်လများနှင့် ယခုလ ဒူးရင်းသီးဈေးနှုန်း နှိုင်းယှဉ်မှုအရ ဒူးရင်းသီးဈေးနှုန်းမှ (၈၀၀၀/၁၀၀၀၀)ကျပ်၊ ကွာဟမှုရှိနေကြောင်း သိရသည်။ ယခုလို ဈေးကွက်ကွာဟရ ခြင်းမှာ ဒူးရင်းသီးရာသီကုန်ဆုံးချိန်နီးခြင်း၊ သွားရေးလာရေးခက်ခဲမှုရှိခြင်းနှင့် သယ်ယူစရိတ် ကြီးမြင့်ခြင်းတို့ ကြောင့်ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)