ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့မှ ထုတ်လုပ်သော သံပြားထုတ်ကုန်ပစ္စည်းတချို့ကို လာမည့်သတင်းပတ်မှစတင်၍ ရင်းနှီးမြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်စည်းကြပ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့ (အောက်တိုဘာ ၇ရက်နေ့) ကထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် စက်တင်ဘာလအတွင်းရာသီ မုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သီးနှံစုံစိုက်ခင်းအချို့ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပါသည်။ ဘော်နင်းကျေးရွာအုပ်စု၊ စကားအင်းကျေးရွာအုပ်စု၊ ဝါးရုံပင်ကျေးရွာအုပ်စုနှင့် တောင်လားကျေးရွာအုပ်စုများမှ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ပဲပုတ်၊ နေကြာ၊ ဂေါ်ဖီ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းအမျိုးမျိုးစိုက်ပျိုးဧက(၁၄၉၄)ဧက ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိခိုက်ပျက်စီးမှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ ဩဇာသီးများသည် ကျွန်းကုန်းကြီးကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် နှစ်ရွာကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြပါသည်။ မိုးတွင်းကာလတွင် သီးနှံများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ အညာဒေသထွက် ပဲမြစ်ညွန့်များလည်း ထွက်ပေါ်လျက်ရှိပါသည်။ ပဲမြစ်ညွန့်များကို ဈေးထဲတွင် တစ်စီးလျှင် (၅၀၀)ကျပ်၊ အညွန့်သင်ပြီးသော ပဲမြစ်ညွန့် တစ်ဆယ်ကျပ်သားလျှင် (၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ပဲမြစ်ညွန့်ကို အသုပ်သုပ်၍စားသုံးသလို အတို့အမြုပ်အဖြစ်လည်း စားသုံးကြပါသည်။ အညာဒေ

ဂျူးမြစ်ကို တောင်ကြီးနှင့် ပင်းတယမြို့တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ထိုမှတစ်ဆင့် မြို့များနှင့်နယ်များရှိ ဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့ရှိ ဈေးကွက်များသို့လည်း တင်ပို့ရောင်းချသဖြင့် စားသုံးသူများလည်း ဝယ်ယူစားသုံးကြပါသည်။ ဂျူးမြစ်ကို အတို့အမြုပ်အနေဖြင့်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍သော်လည်းကောင်း စားသုံးကြပါသည်။ ရှမ်းပြည်ဘက်တွင် မြေပဲ၊ ပဲပုတ်တို့နှင့်ရော၍ကြော်ပြီး စားသုံးကြပြီး ရောင်းချသည်များလည်းရှိပါသည်။ ထိုဂျူးမြစ်ကြော်ကို မြေပြန့်ဒေသမှ စားသုံး