ပြည်မြို့ရှိဈေးကွက်အတွင်းတွင် အခြေခံစားကုန်များ မြောက်မြားစွာရှိသည့်အထဲမှ အဓိကလူတို့စားသုံးမှုများ၍ နေ့စဉ်အဖြစ်မနေ စားသုံးရသော စားကုန်မှာ ဆန်နှင့်ဆီပဲဖြစ်ပါသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ပြည်ကုန်စည်ဒိုင်တွင်ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ အင်းမရဲဘော် ရိုးရိုး(သစ်) တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ အင်းမစူပါ(သစ်) တစ်အိတ်လျှင် (၆၆၀၀၀-၆၈၀၀၀)ကျပ်၊ ကရင်မဆန်(သစ်) တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ မှော်ဘီဆင်းသွယ်(သစ်) တစ်အိတ်လျှင် (၆၀၀၀၀-၆၅၀၀၀)ကျပ်၊ ရိုးနီ(သစ်)တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ မနောသုခ(သစ်) တစ်အိတ်လျှင် (၆၇၀၀၀)ကျပ်၊ ရတနာတိုး(သစ်)တစ်အိတ်လျှင် (၅၈၀၀၀-၆၀၀၀၀)ကျပ်နှင့် မှော်ဘီဆန်(သစ်) တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်ဖြင့် ယခုမတ်လနောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။ စားသုံးဆီအနေဖြင့် ပြည်ကုန်စည်ဒိုင်တွင် ရောင်းဝယ်လျက်ရှိသော မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀)ကျပ်၊ နှမ်းဆီ(ရိုးရိုး) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဦးဆီ တစ်ပိဿာလျှင် (၁၅၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။
ယခင်နှစ်ဖြစ်သော ၂၀၂၄ခုနှစ်၊ မတ်လကုန်တွင် ပြည်ကုန်စည်ဒိုင်၌ အရောင်း အဝယ်ဖြစ်ခဲ့သော ဆန်ဈေးနှုန်းများမှာ အင်းမရဲဘော်(ရိုးရိုး)ဆန်တစ်အိတ်လျှင် (၇၆၀၀၀)ကျပ်၊ အင်းမစူပါ (သစ်) တစ်အိတ်လျှင် (၇၆၀၀၀-၇၈၀၀၀)ကျပ်၊ ကရင်မဆန် (သစ်) တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ ဆင်းသွယ်ဆန်တစ်အိတ်လျှင် (၇၇၅၀၀-၇၈၀၀၀)ကျပ်၊ ရိုးနီဆန် တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ မနောသုခဆန် (သစ်) တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ ရတနာတိုး ဆန်(သစ်) တစ်အိတ်လျှင် (၇၂၀၀၀-၇၃၀၀၀)ကျပ်နှင့် မှော်ဘီဆန် (သစ်) တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။
ဆန်ဈေးနှုန်းများကို ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ကြည့်လျှင် ယခင်နှစ်က ကာလတူ အချိန်တွင် ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် ဆန်ဈေးနှုန်းများကျဆင်းလာခဲ့ပါသည်။ ဆီဈေးနှုန်းများအနေဖြင့်လည်း ယခင်နှစ်မတ်လကုန်တွင် မြေပဲဆီတစ်ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ်ဖြင့် ပြည်ကုန်စည်ဒိုင်တွင် အရောင်း အဝယ်ဖြစ်ခဲ့၍ ယခုနှစ်ကာလတူအချိန်နှင့် နှိုင်းယှဉ်ကြည့်လျှင် မြေပဲဆီတစ်ပိဿာကို (၁၀၀၀-၁၅၀၀)ကျပ်၊ နှမ်းဆီရိုးရိုးတစ်ပိဿာကို (၂၀၀၀-၃၀၀၀)ကျပ်ခန့် ယခုနှစ်တွင် ဈေးပိုလာခဲ့ပါသည်။
ပြည်ခရိုင်အနေဖြင့် ဆန်ဈေးနှုန်းများမှာ ယခုနှစ်တွင် ကျဆင်းလာပြီး ဆီဈေးနှုန်းများကျဆင်း လာရခြင်းမှာ ယခုနှစ်တွင် စပါးဈေးများကျဆင်းလာခြင်း၊ ဆီထွက်သီးနှံများယခုအချိန်တွင် ဈေးကွက် မှာရှားပါးလာခြင်းကြောင့် ဖြစ်သည်ဟုသိရပါသည်။
DOCA(ပဲခူး)