နှမ်းစျေးနှုန်းစျေးကွက်

Powered by Drupal

       ပြည်တွင်းစားဆီကြိတ်ခွဲမှုကဏ္ဍအတွက် အရေးပါသည့်ဆီထွက်သီးနှံနှမ်းအား မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါတယ်။ ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် သီးနှံဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ များအား  စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့်စားဆီများတင်သွင်းမှု လျော့ချနိုင်ရန် အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း နှမ်း အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဗမာ)၃၄၀၀၀ဝိ/- နှင့် ၃၆၀၀၀ဝိ/-၊ နှမ်းညို(ဟ)၃၁၅၀၀၀ကျပ်နှင့် (သစ်)၃၂၅၀၀၀ ကျပ်၊ပန်းနှမ်း ၂၅၀၀၀ဝိ/- နှင့် ၂၅၂၀၀ဝိ/-၊တစ်ပိဿာစျေးမှာ နှမ်းဖြူ(ဗမာ )၇၅၅၆ ကျပ်နှင့် ၈၀၀၀ ကျပ်၊နှမ်းညို (ဟ)၇၀၀၀ကျပ်နှင့်(သစ်)၇၂၂၂ ကျပ်၊ပန်းနှမ်း ၅၅၅၆ ကျပ်နှင့် ၅၆၀၀ ကျပ်၊နှမ်းဖတ်စျေးမှာ ၄၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ တစ်ပိဿာလျှင်နှမ်းဖြူ(ဗမာ)၈၇၇၈ ကျပ်၊နှမ်းညို(သစ်)၆၇၇၈ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စျေးနှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက နှမ်းဖြူတစ်ပိဿာစျေးမှာ ၇၇၈ ကျပ်လျော့နည်းကြောင်း သိရပါတယ်။

DOCA(မန္တလေး)